Connect with us

Politics, Law & Military

ကလေးများစိတ်ဓာတ်ပြုစုပျိုးထောင်ရေးအဓိကထားစဉ်းစားစေလို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့် ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၃ရက် (ဆင်ဟွာ)

မြန်မာအမျိုးသမီးများအနေဖြင့် ကလေးများအားစိတ်ဓာတ် ပြုစုပျိုးထောင်ရေးကိုအဓိကထားပြီးစဉ်းစားစေလိုသည်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကယနေ့ကျရောက် သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

အမျိုးသမီးများ အနေနှင့် ကလေးများစိတ်ဓာတ်ပြုစုပျိုးထောင်ရေးကိုအဓိကထားပြီးတော့ စဉ်းစားစေချင်ကြောင်း အမျိုးသားများ၊ ဖခင်များပါရမည်မှာမှန်ကြောင်း စိတ်ဓာတ်ရေးရာတွင်မည်သို့ ပြုစုပျိုးထောင်မလဲဆိုတာစဉ်းစားစေချင်ကြောင်း ကိုယ့်အိမ်မှာပင် မှန်ကန်သည့်စိတ် ထားရန် ကိုယ့်သား၊ ကိုယ့်သမီးတွေကို ပြုစုပျိုးထောင်ပေးရဲ့လားဆိုတာကိုစဉ်းစားစေချင်ပါကြောင်း ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်း၌ ပညာရေးကဏ္ဍမှာအမျိုးသမီးများသည် အမျိုးသားနှင့် တန်းတူတင်မကအခွင့်အရေးပေးသောနိုင်ငံများတွင် အမျိုးသားများ၏ အရှေ့ကတောင်မှ ပြေးနေ ပြီဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးများဟာပညာရေးဘက်မှာအမျိုးသားတွေထက် ရှေ့က ပြေးတာကို မြင်ရမှာ ဖြစ်ကြောင်း၊ ဓနဗလကလွှမ်းမိုးသောယခုခေတ်ကြီးတွင် စိတ်ဓာတ်အင်အားကအရေး ကြီးကြောင်း၊ ကိုယ့်မှာရှိသည့် ဓနအင်အားများကိုအလွဲသုံးစားမလုပ်ဖို့ဆိုသည်မှာစိတ်ဓာတ် ရေးရာအပေါ် အများကြီးမူတည်ပါကြောင်း၊ အမျိုးသမီးများသည် နိုင်ငံအတွက်တင် မကကမ္ဘာ့ လူအသိုက် အဝန်းအတွက် အင်အားတစ်ခုဖြစ်စေလိုကြောင်း၊ စိတ်ဓာတ်အင်အားကိုအဓိကထားမွေးမြူဖို့ဖြင့်စေလိုကြောင်း နိုင်ငံတော် အတိုပင်ခံပုဂ္ဂိုလ်ကပြောခဲ့သည်။

အမှတ်တရဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြခန်းများအားလှည့်လည်ကြည့်ရှုစဉ် (ဆင်ဟွာ)

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ပြိုင်ပွဲဆုရရှိသူများအားဆုချီးမြှင့်နေစဉ် (ဆင်ဟွာ)

လူကယ် ပြန် ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

“ကျမတို့ နိုင်ငံရဲ့ ဓနအင်အားမှာလည်းအားနည်းပါတယ်။ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကြောင်းအလျှောက် စိတ်ဓာတ်ရေးရာမှာလည်းအားရှိသင့်သလောက်မရှိသေးပါဘူး။ ကြိုးစားရမယ့် နေရာတွေကအများကြီးပါ။ ဒီလို ကြိုးစားခွင့်ရတာကိုဂုဏ်ယူပါ။ အမျိုးသမီးတွေ ကိုယ်နှိုက်ကအမျိုးသမီးထုကိုအသိမှတ်ပြုတဲ့အခါကျရင် အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးရပိုင်ခွင့်၊ အမျိုးသမီးလုပ်ပိုင်ခွင့်။ ဒီဟာတွေတင်မကဘဲနဲ့ ဒီအခွင့်အရေးတွေကိုအများအတွက်ဘယ်လိုသုံးမလဲဆိုတာကိုအဓိကထားပြီးစဉ်းစားစေချင်ပါတယ်” ဟုလည်း၎င်းကပြောကြားခဲ့သည်။

နေပြည်တော် သင်္ဂဟဟိုတယ်တွင် ယနေ့ပြုလုပ်သောအဆိုပါ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ နှင့် အငြိမ်းစားသမ္မတကြီးတို့၏ ဇနီးများ၊ လွှတ်တော်နှင့် တပ်မတော် အကြီးအကဲများ၏ ဇနီးများ၊ ဝန်ကြီး ၊ ဒုတိယ ဝန်ကြီးနှင့် ၎င်းတို့၏ ဇနီးများ၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ၊ အရာရှိ ကြီးများ၊ UN ဌာနေကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များတက်ရောက်ခဲ့ကြပြီး နိုင်ငံတော် အတိုင်ပင်ခပုဂ္ဂိုလ်၏ အဖွင့်မိန့်ခွန်းအပြီးတွင် အမှတ်တရဓာတ်ပုံများရိုက်ကူးခြင်း၊ ပြခန်းများအားလှည့်လည် ကြည့်ရှုခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီးအခမ်းအနားပထမပိုင်းကိုခေတ္တရပ်နားခဲ့သည်။

ထို့နောက် ဒုတိယပိုင်း ပြန်လည် စတင်သည့်အခါ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီးဦးစိုးအောင်ကအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကိုရှင်းလင်းပြောကြား ခြင်း၊ အမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ၌ ဆုရရှိခဲ့သူများအားဆုချီးမြှင့်ခြင်းများဆောင်ရွက်ကြပြီး “အမျိုးသမီးများအမျိုးသမီးငယ်များရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ကာကွယ် စောင့်ရှောက်မှုနှင့် စပ်လျဉ်းသောဥပဒေရေးရာများ” ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးဥပဒေစိစစ် ရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ ်ဒေါက်တာဆွေဆွေအောင်ကလည်းကောင်း၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီဝင်၊ ရင်ခွင့်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက် ရေးအသင်းဒုတိယဥက္ကဋ္ဌဒေါ်သန်းမြင့်အောင်ကလည်းကောင်း၊ စာရေးဆရာမ နှင်းပန်းအိမ်(ဒေါ်ခင်သန္တာဝင်းး)ကလည်းကောင်းအသီးသီးဆက်လက် ဆွေးနွေးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.