Connect with us

Politics, Law & Military

JMC-U၏ (၁၇) ကြိမ်မြောက် အစည်းအဝေး သုံးရက်ကြာ ကျင်းပမည်


ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၇) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန အစည်းအဝေးခန်းမ၌ သုံးရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် JMC-U ၏ (၁၆) ကြိမ်မြောက် အစည်းအဝေးနှင့် (၁၇) ကြိမ်မြောက် အစည်းအဝေး ကြားကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ဒေသဆိုင်ရာအဆင့် ကော်မတီအသီးသီးမှ ကော်မတီဝင်များ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ (မူကြမ်း)၊ JMC အဆင့်ဆင့်တွင် ပါဝင်သော အရပ်သားကိုယ်စားလှယ်များ၏ လုပ်ငန်းလမ်းညွှန် ပြင်ဆင်ချက် (မူကြမ်း) တို့ကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။

JMC-U၏ (၁၇) ကြိမ်မြောက် အစည်းအဝေးကျင်းပနေစဉ်(ဆင်ဟွာ)

JMC-U၏ (၁၇) ကြိမ်မြောက် အစည်းအဝေးကျင်းပနေစဉ်(ဆင်ဟွာ)

JMC-U၏ (၁၇) ကြိမ်မြောက် အစည်းအဝေးကျင်းပနေစဉ်(ဆင်ဟွာ)

JMC-U၏ (၁၇) ကြိမ်မြောက် အစည်းအဝေးကျင်းပနေစဉ်(ဆင်ဟွာ)

JMC-U၏ (၁၇) ကြိမ်မြောက် အစည်းအဝေးကျင်းပနေစဉ်(ဆင်ဟွာ)

ထို့အပြင် ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် (မူကြမ်း) နှင့် ဘဏ္ဍာရေးဆိုင်ရာများ၊ ဒေသခံ အရပ်သားစောင့်ကြည့်သူ (LCM) များ နှင့် ပတ်သက်သည့် လုပ်ငန်းအကောင်အထည်ဖော်မှု အခြေအနေများ၊ JMC အဆင့်ဆင့်တွင် ပါဝင်သော အရပ်သားကိုယ်စားလှယ်များ၏ စတုတ္ထအကြိမ် တွေ့ဆုံပွဲ ကျင်းပရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၇) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန အစည်းအဝေးခန်းမ၌ ယနေ့ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

ယင်း အစည်းအဝေးသို့ JMC-U အဖွဲ့ဝင် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်သား အစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဖွဲ့ဝင်များလည်း လေ့လာသူအဖြစ် ပါဝင်တက်ရောက်လျက် ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.