Connect with us

Politics, Law & Military

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)- ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကျင်းပရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးများ ညှှိနှိုင်းအစည်းအဝေးကျင်းပ

ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကျင်းပရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးများ ညှိနှိုင်း အစည်းအဝေးကျင်းပစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကျင်းပရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးများ ညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၃ ရက်နေ့ နံနက် ၁၀ နာရီက နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၁၁) ရက်မှ (၁၆) ရက်အထိ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) – ရာစု တတိယအစည်းအဝေး အောင်မြင်ရေးအတွက် လုပ်ငန်းကော်မတီ အသီးသီးက အဆင်သင့် ပြင်ဆင်ဆောင်ရွက်ထားကြောင်း၊ ယခုအခါတွင် ကြိုတင်ပြင်ဆင်ထားသည်များကို ယခင်ညီလာခံ အစည်းအဝေး အတွေ့အကြုံများနှင့်နှိုင်းယှဉ်ပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ထားမည်ဟု ယုံကြည်ကြောင်း၊ အတွေ့အကြုံ များလာသည်နှင့်အမျှ ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်လည်း ပိုမိုကောင်းမွန်လာကြောင်း၊ ယနေ့အစည်းအဝေးတွင် လုပ်ငန်းကော်မတီအလိုက် မိမိတို့လိုအပ်ချက်များ၊ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းတင်ပြပေးစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ငြိမ်းချမ်းရေးဖော်ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ၊ နောက်ဆုံးပြင်ဆင်ဆောင်ရွက် ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဖိတ်ကြားရေး လုပ်ငန်းကော်မတီ၊ ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေး လုပ်ငန်းကော်မတီ၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းကော်မတီ၊ ခန်းမအတွင်း နေရာချထားရေးလုပ်ငန်းကော်မတီ၊ ဧည့်ခံကျွေးမွေးရေး လုပ်ငန်း ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ သတင်းနှင့်ပြန်ကြားရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေး လုပ်ငန်းကော်မတီ၊ ပူးပေါင်းညှိနှိုင်းရေး လုပ်ငန်းကော်မတီတို့က အသီးသီး ဆွေးနွေးတင်ပြကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.