Connect with us

Politics, Law & Military

ကလေးသူငယ်နှင့် အမျိုးသမီးများအား အကြမ်းဖက်မှုများထိရောက်စွာ ကာကွယ်တားဆီးရမည်

ပြည်ထောင်စု ရှေ့ နေချုပ် ဦးထွန်းထွန်းဦး အဖွင့် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ကလေးသူငယ်နှင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ပိုမို ထိရောက်စွာ ကာကွယ်တားဆီးရေး ဥပဒေသစ်များ မကြာမီ ထွက်ရှိမည်ဟု ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ယနေ့ ပြောကြားခဲ့သည်။

“ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တဲ့ မှုခင်းတွေ ပိုမို ဖြစ်ပွားလာတဲ့အတွက် ဒီမှုခင်းတွေကို ထိထိရောက်ရောက် တရားစွဲဆို ဆောင်ရွက်ဖို့ လိုလာပါတယ်၊ ဥပဒေ မူဘောင်ပိုင်းက ပြည့်စုံ ကောင်းမွန်ဖို့ လိုသလို အရေးယူ အပြစ်ေးရာမှာလည်း ထိရောက်ဖို့ လိုအပ်လာပါတယ်၊ ကလေး သူငယ်နဲ့ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ခြင်းနဲ့ ပတ်သက်လို့ ဥပဒေတွေ ရေးဆွဲရာမှာ ပိုမို ပြည့်စုံကောင်းမွန်ပြီး နိုင်ငံတကာ စံနှုန်းတွေနဲ့ ညီညွတ်တဲ့ ဥပဒေတွေ ပေါ်ထွက် လာဖို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ကြိုးပမ်း ဆောင်ရွက်နေတဲ့အတွက် မကြာခင် ပေါ်ထွက်လာ ပါမယ်” ဟု နေပြည်တော် မင်္ဂလာသီရိ ဟိုတယ်တွင် ယနေ့ ပြုလုပ်သော ကလေးသူငယ်နှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုမှ ထိရောက်စွာ ကာကွယ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ ရှေ့နေချုပ်က ပြောခဲ့ခြင်း ဖြစ်သည်။

UNODC Myanmar မှ အရာရှိချုပ် Ms. Marie Pegie Cauchois အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

ကလေးသူငယ်နှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုမှ ထိရောက်စွာ ကာကွယ်ရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပနေစဉ် (ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

လက်ရှိ၌ ကလေး သူငယ် အခွင့်အရေးမများ ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးလျက်ရှိကြောင်း၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးရေး ဥပဒေကြမ်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ကနဦး ရေးဆွဲပြီး ပြည်ထောင်စု ရှေ့နေချုပ် ရုံးကလည်း အကြံပြုထားပြီး ဖြစ်ကြောင်း၊ ယခု အသစ်ရေးဆွဲ ပြဌာန်းမည့် ဥပဒေများအရ ကလေး သူငယ်နှင့် အမျိုးသမီးများ အပေါ် ယခင်ထက် ပိုမို ထိရောက်သော အခွင့်အရေးများ၊ အကာအကွယ်ပေးမှုများ ပြုလုပ်ပေးနိုင်မည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ရှေ့နေချုပ်က ပြောကြားခဲ့သည်။

“ ဥပဒေအရာရှိတွေဟာ ကလေးသူငယ်နှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုမှ ကာကွယ်ပေး ရတဲ့ ပြစ်မှုဆိုင်ရာ တရားစီရင်ရေးမှာ အဓိကျတဲ့ အခန်းကဏ္ဍက ပါဝင်တာကြောင့် ဖြစ်ပွားလာတဲ့ မှုခင်းတွေနဲ့ စပ်လျဉ်းပြီး ထိထိရောက်ရောက်အမှုလိုက်ပါ ဆောင်ရွက်ကြဖို့၊ အလေးထား ဆောင် ရွက်ကြဖို့ လိုပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် UNODC, UNICEF, UNFPA တို့ ပူးပေါင်းကျင်းပသည့် အဆိုပါ ကလေး သူငယ်နှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုမှ ထိရောက်စွာ ကာကွယ်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့ ဒုတိယ ရှေ့နေချုပ်၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အဖွဲ့ အသီး သီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြပြီး ကလေး သူငယ်နှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများ ပါဝင်သည့် မှုခင်းများအား ထိရောက်သည့် တရားစွဲဆို ဆောင်ရွက်မှု ဖြစ်စေရေးအတွက် လိုအပ်ချက်များကို လေ့လာ သုံးသပ် ဆွေးနွေးသွားကြမည်ဖြစ် ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.