Connect with us

Politics, Law & Military

ကာကွယ်ရေး မူလ လျာထားဘတ်ဂျက်၏ ၅၃ ရာခိုင်နှုန်းကျော် သုံးစွဲပြီးဟု ဆို

ပြည်ထေင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၃၀ရက်(ဆင်ဟွာ)

ကာကွယ်ရေး ဝန်ကြီးဌာနသည် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် မူလ ဘတ်ဂျက် လျာထားမှု၏ ၅၃ ဒသမ ၄၄ ရာခိုင်နှုန်းကို ပထမ ခြောက်လအတွင်း သုံးစွဲခဲ့ပြီး ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဗိုလ်ချုပ် မြင့်နွယ်က ယနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ရှင်းလင်း ဖြေကြား ခဲ့သည်။

“ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လများအတွက် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၈၀ ဒသမ ၈၅၉ သန်းနှင့် ညီမျှတဲ့ ကျပ် ၁၂၄ ဒသမ ၅၂၃ ဘီလီယံ လျှောက်ထားခဲ့ရာ ဧပြီလ မှသာ ခွင့်ပြုမိန့် ရရှိ ခဲ့ခြင်းကြောင့် ပထမ ခြောက်လပတ် သုံးစွဲမှု ပါဝင်နိုင်ခြင်းမရှိခဲ့ပါ၊ အဆိုပါ နိုင်ငံခြားငွေ တန်ဖိုးများ ကိုပါ ထည့်သွင်း တွက်ချက်ပါက စုစုပေါင်း သုံးစွဲငွေမှာ ကျပ် ၅၇၃ ဒသမ ၅၂၃ ဘီလီယံဖြစ်ပြီး မူလခန့်မှန်းခြေ ငွေစာရင်းရဲ့ ၅၃ ဒသမ ၄၄ ရာခိုင်နှုန်း သုံးစွဲပြီး ဖြစ်ပါတယ်” ဟု ဒုတိယ ဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့သည်။

ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဗိုလ်ချုပ် မြင့်နွယ် ရောက်ရှိလာစဉ် (ဆင်ဟွာ)

ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဗိုလ်ချုပ် မြင့်နွယ် ရောက်ရှိလာစဉ် (ဆင်ဟွာ)

ကာကွယ်ရေး ဝန်ကြီးဌာန၏ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် အတွက် ငွေလုံးငွေရင်း အသုံးစရိတ်တွင် မူလ ခန့်မှန်းခြေ ကျပ် ၁၀၇၃ ဘီလီယံနှင့် ဖြည့်စွက်ခွင့်ပြုငွေ ၁၂၉ ဘီလီယံ၊ စုစုပေါင်း ၁၂၀၂ ဘီလီယံ လျာထားမှုတွင် ကာကကွယ်ရေး ဝန်ကြီးဌာနက တင်ပြလာသော ပထမခြောက်လ အတွင်း အသုံး စရိတ်မှာ ၄၄၉ ဘီလီယံ (လျာထားချက် အားလုံး၏ ၃၇ ရာခိုင်နှုန်း)သာ ရှိခဲ့သည်။ ထိုသုံးစွဲမှု ပမာဏ သည် ဖြစ်သင့်သည်ထက် နည်းပါးနေသဖြင့် ကျန်လများတွင် လျာထားချက် ပြည့်မီအောင် သုံးစွဲနိုင် ခြင်း ရှိ မရှိနှင့် ရန်ပုံငွေ ပြန်လည် အပ်နှံမှုများ ရှိပါက အချိန်မီ ပြန်လည် အပ်နှံသွားရန် လှိုင်းဘွဲ့ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက အကြံပြု ဆွေးနွေးခဲ့ခြင်းအပေါ် ဒုတိယ ဝန်ကြီးက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ် အကြံပြုခဲ့သည့်အပေါ်တွင် ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီအချိန်မီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လည်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.