Connect with us

Politics, Law & Military

ကြိုးနီစနစ် လျှော့ချရေး အစိုးရအဖွဲ့နှင့် ပူးပေါင်းပြီး နည်းလမ်းရှာဖို့ လိုအပ်

ပြည်သူ့  လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)

ကြိုးနီစနစ် လျှော့ချရေးအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့် သင်တန်းများပို့ချရုံသာမက သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နည်းလမ်းရှာရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယနေ့ မေတ္တာရပ်ခံ ပြောကြားခဲ့သည်။

“ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ အနေနဲ့ Civil Service Reform (ပြည်သူ့ ဝန်ဆောင်မှု ပြုပြင် ပြောင်းလဲရေး) လုပ်နေတယ်ဆိုတဲ့ နေရာမှာ ဒီလို သင်တန်း ပို့ချနေရုံနဲ့ မရပါဘူး၊ သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေနဲ့ ပေါင်းစပ် ညှိနှိုင်းပြီး ပြည်သူ လူထုရဲ့ လိုအပ်ချက်ကို ဥပဒေနဲ့အညီ လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် နည်းလမ်း ရှာပြီး ဆောင်ရွက်သွားပေးဖို့လည်း လွှတ်တော်အနေနဲ့ မေတ္တာ ရပ်ခံပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများအကြား ယခုအချိန်အထိ အားကောင်းနေဆဲ ဖြစ်သော ကြိုးနီစနစ်ကို လျှော့ချရန် မည်သို့ ဆောင်ရွက်နေပါသနည်းဟူသည့် တွံတေး မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၏အမေးကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းသိန်းက ပြန်လည်ဖြေကြား အပြီးတွင် ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

တွံတေး မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင် လွှတ်တော်၌ မေးမြန်းနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းသိန်း ဖြေကြားစဉ် (ဆင်ဟွာ)

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက “နိုင်ငံ့ဝန်ထမ်းများ၏ ရာထူးအဆင့်အလိုက် တာဝန်ဝတ္တရား များ ခွဲေ၀ သတ်မှတ်ထားရှိပြီး လုပ်ပိုင်ခွင့် အာဏာကို အောက်ခြေ ရောက်သည်အထိ အဆင့်ဆင့် ခွဲဝေချထားပေးသည့် စနစ်ကို ကျင့်သုံး ဆောင်ရွက်နေပါတယ်၊ ရာထူးအဆင့်အလိုက် လျော်ညီသော တာဝန်ယူမှု၊ တာဝန်ခံမှု ဆောင်ရွက်နိုင်ရန် လုပ်ပိုင်ခွင့် အာဏာကို ခွဲေ၀ သတ်မှတ်ထားပါတယ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့် ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် ရာထူးအလိုက် သင်တန်း များ ဖွင့်လှစ်၍ ကောင်းမွန်သော အုပ်ချုပ် ရေးနှင့် စီမံခန့်ခွဲရေး ဆိုင်ရာ အသိတရားများ ထွန်းကား ပြန့်ပွားစေရန် သက်ဆိုင်ရာ ဘာသာရပ်များ ဖြင့် သင်ကြား လေ့ကျင့်ပေးလျက်ရှိပါတယ်၊ ရာထူးဝန် အဖွဲ့အနေနဲ့ ဝန်ထမ်းပြုပြင် ပြောင်းလဲရေး(Civil Service reform ) ကို မနှစ်ကနေစပြီး စတင် ဆောင်ရွက်နေပါတယ်၊ တာဝန်ခွဲဝေမှုနဲ့ ပတ်သက်ပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချရာမှာ အဆင့် သုံးခုဖြစ်တဲ့ Deconcentration ကို ဘယ်လောက်အထိ ပေးမလဲ၊ ပြီးရင် delegation of power ကို ဘယ်လောက်အထိ ပေးမလဲ၊ ပြီးရင် evolution လုံးလုံးလျားလျား ဘယ်လောက်အထိ ပေးမလဲ ဆိုတဲ့ အဆင့်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများနဲ့ အစိုးရအဖွဲ့တို့ အားလုံး ညှိနှိုင်းဆောင်ရွက်နေကြပါတယ်။ဝန်ထမ်းတွေဟာ လုပ်ကိုင် ဆောင်ရွက် တဲ့ အခါ ပထမဆုံးက ရိုးသားမှု၊ နောက် ပြည်သူလူထုရဲ့ လိုအပ်ချက်ကို လျင်မြန်စွာ တုံ့ပြန်မှု၊ တာဝန်ခံမှု စတာတွေကို မူတည်ပြီး ဝန်ထမ်းတက္ကသိုလ်ကျောင်းတွေမှာ သင်တန်းတွေ ပေးနေပါတယ်” ဟု ဖြေကြားခဲ့သည်။ထိုသို့ဖြေကြားခဲ့ခြင်းအပေါ် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဖြည့်စွက် ပြောကြားရာတွင် ယခုကဲ့သို့ မေတ္တာရပ်ခံ ပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.