Connect with us

Politics, Law & Military

အလုံမြို့နယ်အတွင်းရှိ အင်ဂျင်ဝိုင်ရောင်းဝယ်ရေး ကုမ္ပဏီအား အနုကြမ်းစီးမှုပြုလုပ်သူများထဲမှ ၅ဦး ဖမ်းဆီးရမိ

အလုံမြို့နယ်ရှိ အနုကြမ်းစီးခံရသော ကုမ္ပဏီအား တွေ့ရစဉ်(ဓာတ်ပုံ-ပြည်ထဲရေး)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်းရှိ KGL အင်ဂျင်ဝိုင်ရောင်းဝယ်ရေး ကုမ္ပဏီအား အနုကြမ်းစီးမှု ပြုလုပ်သူများထဲမှ ၅ဦးအား ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

KGL အင်ဂျင်ဝိုင်ရောင်းဝယ်ရေး ကုမ္ပဏီဝင်းအတွင်းသို့ နိုဝင်ဘာ ၁၂ ရက် ည ၆နာရီ ၅၀မိနစ်က လိုက်ထရပ်ယာဉ်တစ်စီးဖြင့် တုတ်/ဓားကိုင်ဆောင်ထားသော အမျိုးသား ၁၀ ဦးခန့်သည် မျက်နှာတွင် Mask များ တပ်ဆင်ထားပြီး ကုမ္ပဏီအတွင်းရှိ ဝန်ထမ်း(၃)ဦးအား ကြိုးဖြင့်တုပ်ကာ ဖုန်းများ သိမ်းဆည်း၍ ကုမ္ပဏီရုံးခန်းအတွင်း တပ်ဆင်ထားသော CCTV အား ဖြုတ်ယူသွားခဲ့ပြီး လိုက်ထရပ်ယာဉ်ဖြင့် ပြန်ထွက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီအတွင်း ဝင်ရောက်လာသော အဖွဲ့အတွင်းမှ ၅ ဦး သည် ကုမ္ပဏီမန်နေဂျာ ဦးမြင့်စိန်(ခ)ဖီးလစ်အား လင်ခရူဆာယာဉ်နှင့် အတူခေါ်ဆောင်သွားကာ ၎င်း၏ ဖုန်း ၂ လုံးအား ယူဆောင်၍ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းနှင့် မပိုလမ်းအရောက်၌ ကားပေါ်မှဆင်း ပြေးသွားခဲ့ကြောင်း၊ ယင်းတို့အား ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းပိတ်ဆို့ရှာဖွေခဲ့ရာ ပြည်လမ်း နိုဗိုတယ်ဟိုတယ်ရှေ့တွင် ဦးမြင့်စိန်(ခ)ဖီးလစ်အား ၎င်းပိုင်ယာဉ်ဖြင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်း အနုကြမ်းစီးမှုနှင့် ပတ်သက်ပြီး အခင်းဖြစ်အရပ်၌ ၂ဦးအပါအဝင် နောက်ထပ် ၃ဦးအား ထပ်မံဖမ်းဆီးခဲ့သဖြင့် တရားခံ ၅ဦးအား ဖမ်းဆီးထားနိုင်ကြောင်း၊ အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဦးမြင့်စိန်(ခ)ဖီးလစ်၏ အကိုဖြစ်သူ ဦးကျော်မြင့်မှ တိုင်တန်းသဖြင့် သူရ(၄၂)နှစ်ပါ ၅ ဦး(ဖမ်းမိ)နှင့် မျိုးမြင့်အောင်(ခ) အရှည်ကြီး(စိစစ်ဆဲ) အပါအဝင် ၅ ဦးခန့်(ဖမ်းမမိ)တို့အား အလုံမြို့မရဲစခန်း(ပ) ၄၃၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ (ဓားပြမှု) ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး ကျန်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.