Connect with us

Politics, Law & Military

ခန့်မှန်းငွေကျပ်သိန်း ၁၂,၅ဝဝ ခန့် တန်ဖိုးရှိသည့် ရှေးဟောင်းပေစာထုပ် ၁၂၅ ထုပ်ခန့် ပျောက်ဆုံး

ရှေးဟောင်းပေစာထုပ်များခိုးယူခြင်းခံရပြီးနောက်ပေစာထုတ်အခွံများအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

ကနီမြို့နယ်တွင်းကျေးရွာ တွင်ရှိသော သဒ္ဓမ္မနန္ဒိယာရာမကျောင်းတိုက်ရှိ ခန့်မှန်းငွေကျပ်သိန်း ၁၂,၅ဝဝ ခန့် တန်ဖိုးရှိသည့် ရှေးဟောင်းပေစာထုပ် ၁၂၅ ထုပ်ခန့် ပျောက်ဆုံးသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင်းကျေးရွာတစ်ရွာတွင် ရှိသော သဒ္ဓမ္မနန္ဒိယာရာမကျောင်းတိုက်အတွင်း သိမ်းဆည်း ထားသော တစ်စည်းလျှင် အရွက် ၁ဝဝ ပါ ရှေးဟောင်းပေစာ ထုပ် ၁၂၅ စည်းခန့် မေ ၈ ရက် နံနက် ၁ နာရီ မိနစ် ၄ဝ ခန့်က ပျောက်ဆုံးမှုဖြစ်ပွားရာ ကျောင်းထိုင်ဆရာတော်က ကနီမြို့မ ရဲစခန်းတွင် အမှုဖွင့်ကာ ခိုးယူသူအား အမြန်ဆုံးဖော်ထုတ်နိုင် ရန် တိုင်ချက်ဖွင့်ထားကြောင်း သိရသည်။

အဆိုပါငွေကျပ် သိန်း ၁၂,၅ဝဝ တန်ဖိုးရှိသည်ဟု ခန့်မှန်းထားသော ပေစာထုပ် ၁၂၅ စည်းခန့် ပျောက်ဆုံးမှုကို ကနီမြို့မရဲစခန်းက အမှုဖွင့်ကာ ပေစာထုပ်များခိုးယူသွား သူအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီး ရမိရန် ဒေသခံများ၊ တာဝန်ရှိသူများဖြင့် ချိတ်ဆက်ကာ ပိုက်စိတ်တိုက်ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.