Connect with us

Politics, Law & Military

ငါးနှစ်အတွင်း ဖမ်းဆီးရ သစ်တန် ၁၃၇,၄၀၀ ကျော်အား သစ်လုပ်ငန်းသို့ လွှဲပြောင်း

မြန်မာ့သစ်လုပ်ငန်းပိုင် သစ်များအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

နိုင်ငံတော် ဘဏ္ဍာအဖြစ် ဖမ်းဆီးရမိ သစ်များအား မြန်မာ့ သစ်လုပ်ငန်းသို့ လွှဲပြောင်းရာတွင် ၂၀၁၃ – ၁၄ မှ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်အထိ ငါးနှစ်အတွင်း ၁၃၇၄၅၁ ဒသမ ၀၉ တန် ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ဖြေကြားခဲ့သည်။

“ဖမ်းဆီးရမိသစ်တွေကို ပုံစံ (၈) စာရင်းရေးသွင်းပြီး လုပ်ထုံး လုပ်နည်းနဲ့အညီ မြန်မာ့ သစ်လုပ်ငန်းကို လွှဲပြောင်းပေးအပ်ပါတယ်၊ မြန်မာ့ သစ်လုပ်ငန်းက ရက်ပေါင်း ၂၀ အတွင်း လွဲပြောင်းရယူလိုကြောင်း အကြောင်းပြန်ကြားမှု မရှိတဲ့ သစ်တွေကိုတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် ခရိုင်များက ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်နဲ့ ပြည်သူများ သုံးစွဲနိုင်ရန် လေလံတင်ရောင်းချပေးပါတယ်၊ ငါးနှစ် အတွင်း ကျွန်း၊ သစ်မာနဲ့ အခြားသား စုစုပေါင်း တန် ၅၅,၁၂၈ ဒသမ ၅၀ တန် ရှိပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.