Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးကော်မရှင် နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ဆွေးနွေးမှုရလဒ်ကောင်းဟုဆို

ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ အစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ-- ဦးလှမောင်ရွှေFacebook)

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation) တို့၏ စတုတ္ထအကြိမ်အစည်းအဝေးသည် မျှော်မှန်းထားသည်ထက် ရလဒ်များ ပိုမိုကောင်းမွန်ခဲ့ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အဖွဲ့ဝင် ဦးလှမောင်ရွှေ က ယနေ့ ဆင်ဟွာကို ပြောသည်။

ဦးလှမောင်ရွှေက “တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကိစ္စရပ် များအပါအဝင် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပတ်သက်၍ မူပိုင်းဆိုင်ရာကိစ္စရပ်များအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့ တွေ့ဆုံခဲ့မှုကြောင့် ဒီနေ့ ရလဒ်ကောင်းခဲ့ရတာလို့ ယူဆရပါတယ်’’ ဟုပြောသည်။

ယနေ့ မတ်လ (၃) ရက်နေ့ တွင် ရန်ကုန်မြို့ ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသော ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ၏ စတုတ္ထအကြိမ်အစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွ့ဲဝင် အဖွဲ့အစည်းများ၏ အဆိုပြုချက် (၉) ချက် အပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုအဆိုပြုချက် (၉) ချက်အား ဆွေးနွေးရာတွင် နှစ်ဖက် လက်ခံနိုင်သော အချက် (၉) ချက်ကို မူအားဖြင့် သဘောတူညီခဲ့ကြကြောင်း၊ အဆိုပြုချက် အမှတ်(၃) အား နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန် လည်သုံးသပ်ခြင်းအစည်းအဝေး တွင်လည်းကောင်း၊ အဆိုပြုချက် အမှတ် (၅) အား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အလုပ်အဖွဲ့တွင်လည်းကောင်းဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရန် သဘော တူညီခဲ့ကြကြောင်း သိရသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သင့်ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ ပါ ဝင်နိုင်ရေး နှစ်ဖက်ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ အစည်းအဝေးသို့ ပါဝင်တက်ရောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း ငြိမ်းချမ်းရေးကော်မရှင် မှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)