Connect with us

Politics, Law & Military

စံပြုရမည့် အားသာချက်များ၊ အတွေ့အကြုံကောင်းများကို အတုယူဆောင်ရွက်မည်

ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုး (၄၀) ကြိမ်မြောက် အာဆီယံ မီးရထား စီအီးအိုများ ညီလာခံတွင် အဖွင့်မိန့် ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

မြန်မာ့ ရထား ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရန် အိမ်နီးချင်း အာဆီယံနိုင်ငံများ၏ ကောင်းမွန်သော အားသာချက်များ၊ အတွေ့အကြုံကောင်းများ၊ အခွင့်အလမ်းများ၊ စိန်ခေါ်မှုများကို လေ့လာ ဆည်းပူး အတုယူ ဆောင်ရွက်သွားမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက (၄၀)ကြိမ်မြောက် အာဆီယံ မီးရထား စီအီးအိုများ ညီလာခံတွင် ယနေ့ ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံအနေနဲ့ ရထား ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေဖို့ နှစ်တို နှစ်ရှည် စီမံကိန်း လုပ်ငန်းတွေကို မိမိကိုယ်ပိုင်ငွေနဲ့ သာမက ပြည်တွင်း ပြည်ပ ဖွံ့ဖြိုး တိုးတက်မှု အဖွဲ့အစည်းတွေရဲ့ နည်းပညာ အကူအညီတွေ အထောက်အပံ့တွေ ချေးငွေတွေ ရယူပြီး စဉ်ဆက်မပြတ် ဆောင်ရွက်နေ ပါတယ်။ ဒါပေမယ့် တချို့ စီမံကိန်းတွေမှာ ရှောင်လွှဲလို့ မရတဲ့ အခက်အခဲတွေပြသနာတွေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ ရထား ပို့ဆောင်ရေး စနစ်ဟာ အိမ်နီးချင်း အာဆီယံ နိုင်ငံတွေနဲ့ စာရင် အများကြီး နောက်ကျနေခဲ့ပါတယ်” ဟုလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

မြန်မာ့ မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်း အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

(၄၀)ကြိမ်မြောက် အာဆီယံ မီးရထား စီအီးအိုများ ညီလာခံ ကျင်းပနေစဉ် (ဆင်ဟွာ)

မြန်မာ့ ယဉ်ကျေးမှု အဖွဲ့က ဦးရွှေရိုး + ဒေါ်မိုး အကများဖြင့် ဖျော်ဖြေကြစဉ် (ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

ထို့အပြင် ယခု ညီလာခံ၌ စိတ်ဝင်စားစရာကောင်းသည့် ခေါင်းစဉ် အမျိုးမျိုးဖြင့် စာတမ်း ၅၆ စောင် ဆွေးနွေးသွားမည်ကို သတိပြုမိကြောင်း၊ အရေးကြီးသော လုပ်ငန်းများ၏ အတွေ့အကြုံများ၊ အသိအမြင်ဗဟုတများကို အချင်းချင်း မျှဝေကြမှာ ဖြစ်သည့်အတွက် အထူးပင် ဝမ်းသာမိပါကြောင်း၊ များမကြာမီအချိန်တွင် အာဆီယံဒေသအတွင်း ကောင်းမွန်စိတ်ချရသည့် အသင့်လျော်ဆုံးဖြစ်သော ရထား ပို့ဆောင်ရေး စနစ်ကို မိမိတို့ ညှိနှိုင်း ပူးပေါင်း အကောင်အထည်ဖော်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါ ကြောင်း၊ မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရ အနေဖြင့် တိုင်းရင်းသား အချင်းချင်း ပြန်လည် သင့်မြတ် ရေး၊၊ စည်းလုံး ညီညွတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင် ရွက်နေကြောင်း၊ မိမိတို့ အစိုးရ၏ ရပ်တည်ချက်မှာ တိုင်းရင်းသားအားလုံး တန်းတူ အခွင့်အရေး ရရှိရေးနှင့် သာတူညီမျှမှု ရရှိစေရေးပင် ဖြစ်သည်ကို တစ်ဆက်တည်း အသိပေးလိုပါကြောင်း လည်း၎င်းက ပြောခဲ့သည်။

နေပြည်တော် သင်္ဂဟဟိုတယ်တွင် နိုဝင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် အဆိုပါ (၄၀) ကြိမ်မြောက် အာဆီယံ မီးရထား စီအီးအိုများ ညီလာခံသို့ အာဆီယံ မီးရထား အသင်းဝင်များ ဖြစ်ကြသော မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အမှုဆောင်အရာရှိချုပ်များနှင့် အထူး ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.