Connect with us

Politics, Law & Military

တနသာၤရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ဘိန်းစာမှုန့် ၅.၀၄ ကီလို သိမ်းဆည်းရမိ

ဖမ်းဆီးရမိသူအား ဘိန်းစာမှုန့်များ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တနသာၤရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ဘိန်းစာမှုန့် ၅.၀၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၃ ရက်နေ့ ၂၀း၄၅နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၃၄)ကော့သောင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကော့သောင်းမြို့၊ ရွှေပြည်စိုးရပ်ကွက်၊ မြို့ပတ်(၃)လမ်းနေ ဇော်မျိုးထွန်း (ခ)အာနိုး၏နေအိမ်ကိုရှာဖွေရာ အိမ်နောက်ခန်းရှိ သံသေတ္တာအတွင်းမှ ဘိန်းစာမှုန့် ၅ .၀၄ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ဇော်မျိုးထွန်း(ခ)အာနိုး(၃၈)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.