Connect with us

Politics, Law & Military

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံသို့ ရောက်ရှိ

အိန္ဒိယနိုင်ငံသို့ ရောက်ရှိသွားသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကြိုဆိုမှုပြုလုပ်စဉ်(တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌနှင့် လေတပ်ဦးစီးချုပ် Air Chief Marshal Birender Singh Dhanoa၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ သွားရောက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၅ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယသမ္မတနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါသွားကြောင်း သိရသည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အဆိုပါ နေ့၏ ဒေသစံတော်ချိန် ၉ နာရီ ၄၀ မိနစ်တွင် အိန္ဒိယ သမ္မတနိုင်ငံ၊ ဗီဇာကာပတ်တနန်မြို့၊ INS Dega တပ်မတော်လေဆိပ်သို့ရောက်ရှိကြရာ အိန္ဒိယ တပ်မတော်၊ အရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှ Rear Admiral Kiran Deshmukh၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် သိန်းဇော်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူးများနှင့် တာဝန်ရှိသူ များက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။(Xinhua)