Connect with us

Politics, Law & Military

တပ်မတော်ချင်း ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ ဆွေးနွေး

တပ်မတော်ချင်း ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ ဆွေးနွေးပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ)

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ အဖွဲ့ရုံးမှ သံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာကို ယမန်နေ့ နံနက် ၉ နာရီတွင် လည်းကောင်း၊ နော်ဝေနိုင်ငံ သံရုံးမှ မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေ သံအမတ်ကြီး မစ္စစ် အန်အော်လီစတက် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို နံနက် ၁ဝ နာရီတွင် လည်းကောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ သီးခြားစီ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် တပ်မတော်များ အချင်းချင်း အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းစဉ်များ၊ ပင်လယ် ကမ်းရိုးတန်း ဒေသများ အတွင်း တပ်မတော်၏ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းစဉ်များနှင့် နယ်စပ်ဖြတ်ကျော် ခိုးဝင် ဒုက္ခသည် များအရေး ကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း တရားဝင် သတင်း ထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.