Connect with us

Politics, Law & Military

နိုင်ငံသား ပြသနာများအား ဥပဒေနှင့် အညီ ထိရောက်စွာ စိစစ် ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆို လက်ခံ ဆွေးနွေးမည်

ရသေ့တောင် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ပြည်သူ့လွှတ်တော်၌ အဆိုတင်သွင်းစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မေ ၆ ရက် (ဆင်ဟွာ)

၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား ပြဿနာများကို မြန်မာနိုင်ငံ တစ်ဝန်းတွင် ဤဥပဒေနှင့် အညီ ထိရောက်စွာ စိစစ် ဆောင်ရွက်ပေးနိုင် ပါရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုအား လက်ခံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယနေ့မေလ ၆ ရက် ပြည်သူ့လွှတ်တော်တွင် ကြေညာခဲ့သည်။

ထိုအဆိုအား ရသေ့တောင် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေသည် မြန်မာနိုင်ငံ အတွင်းသို့တရားမဝင် လာရောက် အခြေချ နေထိုင်သည့် မည်သူကိုမဆို တားမြစ် ကာကွယ်နိုင်ပြီး နိုင်ငံသား ဖြစ်ထိုက်သူများကို ဥပဒေနှင့်အညီ ခွင့်ပြုထားရှိထားပြီး ဤဥပဒေဖြင့် စတင် စစ်ဆေးပါက အတု ၊ အစစ် ၊ အရောအနှော ခွဲခြမ်းစိတ်ဖြာ နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
ယခုလက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ၏ နိုင်ငံသား ဟုတ်/မဟုတ် မခွဲခြားနိုင်သည့်အတွက် ယာယီ သက်သေခံ လက်မှတ် အဖြူကတ် ထုတ်ပေးသည့် ဦးရေမှာ ၉၉၀,၀၀၀ ရှိပြီး ယင်းတို့အနက် ရခိုင်ပြည်နယ် အတွင်း ၄၉၂,၆၃၄ ယောက် ရှိကြောင်း အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ သိရှိရသည်ဟု ဒေါ်ခင်စောဝေက အဆို တင်သွင်းရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ခြံစည်းရိုးကာ၍ လုံခြုံရေး အပြည့်အဝဖြင့် လူဝင်/ထွက်ကို စောင့်ကြည့်နေရသည့် မောင်တော ၊ ဘူးသီးတောင် ဒေသကို ဤဥပဒေဖြင့် အလျင်အမြန် ကာကွယ်ထားနိုင်ရန်မှာ အလွန်အရေးတကြီး လိုအပ်လျက် ရှိကြောင်းလည်း ပြောကြားခဲ့သည်။
ထိုအဆိုအား ဘူးသီးတောင် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ထောက်ခံ ဆွေးနွေးခဲ့ပြီး လွှတ်တော်၏ ဆန္ဒရယူရာ သဘောတူသည့်အတွက် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာခဲ့ပြီး ဆွေးနွေးမည့် ကိုယ်စားလှယ်များကို မေလ ၁၁ ရက် နောက်ဆုံးထား အမည်စာရင်း တင်သွင်းကြရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.