Connect with us

Politics, Law & Military

တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုကို ဇန်နဝါရီလ တစ်လ ထပ်မံတိုးမြှင့်ရပ်ဆိုင်း

တပ်မတော်နေ့ အခမ်းအနားကျင်းပနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ယနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အရ သိရသည်။

ထာဝရငြိမ်းချမ်းရေးရရှိစေရန် တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့အစည်းများဖြင့် ငြိမ်းချမ်ရေးလုပ်ငန်းစဉ်များကို ချော့မွေ့အောင်မြင်စေရေးနှင့် ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရသည့် COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက်
နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၃၀ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းထားခဲ့ရာမှ ယခု တစ်လ ထပ်မံ ရပ်ဆိုင်းရန် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————————–
(Zawgyi Version)
တပ္မေတာ္အေနျဖင့္ စစ္ေရးဆိုင္ရာလႈပ္ရွားမႈကို ဇန္နဝါရီလ တစ္လ ထပ္မံတိုးျမႇင့္ရပ္ဆိုင္း

ရန္ကုန္၊ ဒီဇင္ဘာ ၃၁ ရက္ (ဆင္ဟြာ) ေရးသားသူ/ အိမြန္ေက်ာ္

တပ္မေတာ္အေနျဖင့္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားရွိသည့္ ေနရာမ်ားမွအပ က်န္နယ္ေျမမ်ားတြင္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီ ၁ ရက္မွ ၃၁ ရက္အထိ စစ္ေရးဆိုင္ရာလႈပ္ရွားမႈမ်ားကို ထပ္မံတိုးျမႇင့္ရပ္ဆိုင္းေပးမည္ျဖစ္ေၾကာင္း ယေန႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ေသာ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးႏွင့္ ထာဝရၿငိမ္းခ်မ္းေရးအတြက္ ထုတ္ျပန္ခ်က္အရ သိရသည္။

ထာဝရၿငိမ္းခ်မ္းေရးရရွိေစရန္ တိုင္းရင္းသားလက္နက္ကိုင္မ်ားအဖြဲ႕အစည္းမ်ားျဖင့္ ၿငိမ္းခ်မ္ေရးလုပ္ငန္းစဥ္မ်ားကို ေခ်ာ့ေမြ႕ေအာင္ျမင္ေစေရးႏွင့္ ကမာၻတစ္ဝန္း ရင္ဆိုင္ေနရသည့္
COVID- 19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္ႏိုင္ေရးတို႔အတြက္
ႏိုင္ငံေတာ္မွ အၾကမ္းဖက္အုပ္စုအျဖစ္ သတ္မွတ္ေၾကညာထားေသာ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားရွိသည့္ေနရာမ်ားမွအပ က်န္နယ္ေျမမ်ားတြင္ တပ္မေတာ္အေနျဖင့္ စစ္ေရးဆိုင္ရာလႈပ္ရွားမႈမ်ားကို ထပ္မံတိုးျမႇင့္ရပ္ဆိုင္းေပးသြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အၾကမ္းဖက္အဖြဲ႕အစည္းမ်ားရွိသည့္ေနရာမ်ားမွအပ က်န္နယ္ေျမမ်ားတြင္ ၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလ ၁ ရက္မွ ၃၀ရက္အထိ တပ္မေတာ္အေနျဖင့္ စစ္ေရးဆိုင္ရာလႈပ္ရွားမႈမ်ား ရပ္ဆိုင္းထားခဲ့ရာမွ ယခု တစ္လ ထပ္မံ ရပ္ဆိုင္းရန္ ထုတ္ျပန္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။ (Xinhua)