Connect with us

Politics, Law & Military

တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများဖမ်းဆီးရမိ

တရားမဝင်ကျောက်စိမ်းတုံးများအားတွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းသည် တရားမဝင်သယ်ဆောင်လာသည့်ကျောက်စိမ်းတုံး ၃၄၉ တုံး(ခန့်မှန်း ၂ တန်ခန့်) တရားမဝင်သယ်ဆောင်လာသည့် မော်တော်ဆိုင်ကယ် ၁၂ စီးဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းသည် ဧပြီ ၂၇ ရက် နံနက် ၁၀ နာရီခန့်တွင် ရွှေပြည်သာကျေးရွာ၏ အရှေ့တောင်ဘက် ၁၅ မိုင် ခန့်အကွာ၌ ရွှေပြည်သာကျေးရွာဘက်မှ တာမခံမြို့သစ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ၁၂ စီးအား ရပ်တန့်စစ်ဆေးရာ ဦးယမင်းစိုး၊ ဦးဝေဖြိုးအောင်၊ ဦးနေဇာအောင်၊ ဦးမြင့်ဦး၊ ဦးအောင်ရန်၊ ဦးညွန့်ဖေ၊ ဦးအောင်နိုင်ဝင်း၊ ဦးအောင်ထွေး၊ ဦးတင်ဝင်း၊ ဦးမျိုးမြင့်ဦး၊ ဦးဝင်းမင်းကျော်၊ ဦးဝင်းမြင့်နှင့် ဒေါ်ထွေးမြတို့ကို တရားမဝင်သယ်ဆောင်လာသည့်ကျောက်စိမ်းတုံး ၃၄၉ တုံး(ခန့်မှန်း ၂ တန်ခန့်) တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အဆိုပါဖမ်းဆီးရမိသူများ၊ ကျောက်စိမ်းတုံးများနှင့် မော်တော်ဆိုင်ကယ်တို့ကို ခန္တီးမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.