Politics, Law & Military
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေး
မန္တလေး၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ဒီဇင်ဘာ ၈ ရက်တွင် မန္တလေးမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မြန်မာ့တပ်မတော်သည် နိုင်ငံ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်စောင့်ရှောက်ရာတွင်လည်းကောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေးတွင်လည်းကောင်း အဓိက အင်အားစုဖြစ်ကြောင်း ၊ နှစ်နိုင်ငံ စစ်ရေးဖလှယ်မှုသည် ဆွေးမျိုးပေါက်ဖော်ချစ်ကြည်ရေး၏ အဓိအခန်းကဏ္ဍဖြစ်ကြောင်း ၊ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၇၀ ပြည်အခါသမယဖြစ်သည့် လာမည့်နှစ်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအစိုးရ၊ မြန်မာ့တပ်မတော်တို့နှင့်အတူလက်တွဲကာ ဆွေမျိုးပေါက်ဖော် အစဉ်အလာချစ်ကြည်ရေးကို ပြန့်ပွားအောင် ဆောင်ရွက်သွားလိုကြောင်း ၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ ” တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို အရှိန်မြှင့်တင်တည်ဆောက်သွားကာ ကံတူအကျိုးပေး အသိုက်အဝန်းတည်ဆောက်သွားရန် နှစ်နိုင်ငံဆက်ဆံရေး၏ ခေတ်သစ်ကို တွန်းအားပေးလျှောက်လှမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် အထူးအရေးပါသည့်အနက်အဓိပ္ပါယ်ရှိကြောင်း ၊ မြန်မာနိုင်ငံသည် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ခိုင်မာစွာ တွန်းအားပေးဆောင်ရွက်သွားရန်မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယခင်ကဲ့သို့ မြန်မာနိုင်ငံနှင့်အတူ နီးနီးကပ်ကပ်ညှိနှိုင်းဆွေးနွေးမှုများကို ဆောင်ရွက်သွားကာ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆွေးနွေးညှိနှိုင်းမှုများအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးကလည်း အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ပြီး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို စောလျင်စွာ လက်မှတ်ရေးထိုးနိုင်ကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ကို ထိန်းသိမ်းကာကွယ်ရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေအခံဥပဒေအရ သတ်မှတ်ထားသည့် လွတ်လပ်သောအချုပ်အခြာအာဏာပိုင်စိတ်ဓာတ်ဖြင့် နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် မြန်မာနိုင်ငံအခြေအနေနှင့်ကိုက်ညီသော ပုံစံတစ်ရပ်ကို ဆောက်ရွက်ကာ ဘက်ပေါင်းစုံမှ လက်ခံသော၊ ရေရှည်တည်တံ့သော နိုင်ငံရေးအစီအစဉ်များကို ဆောက်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသ စီမံခန့်ခွဲမှုတွင် ပူးပေါင်းဆောင်ရွက်ခြင်းများကို တိုးမြှင့်ဆောင်ရွက်ကာ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိရောက်စွာ ကာကွယ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ နယ်စပ်ဒေသနေပြည်သူအများ၏ လုံခြုံရေးနှင့်တရားဝင်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဆွေမျိုးပေါက်ဖော် ညီအကိုအဖြစ် အစဉ်ထာဝရ ယုံကြည်ထိုက်သည့် မိတ်ဆွေနိုင်ငံ ဖြစ်ကြောင်း ၊ မြန်မာ့တပ်မတော်အနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံ၏ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အစွမ်းကုန် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ၊ ရည်မှန်းချက်အသစ်များကို တည်ဆောက်ကာ “ရပ်ဝန်းနှင့်ပိုးလမ်းမ”ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင် ဆောင်ရွက်ပြီး စီးပွားရေးစင်္ကြံတည်ဆောက်မှုကိုလည်း ဖော်ဆောင်ရာတွင် လက်တွေ့တွန်းအားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ အနေဖြင့် မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်စောင့်ရှောက်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့်တင် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)