Connect with us

Politics, Law & Military

တာချီလိတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၄၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မူးယစ်ဆေးဝါးများ နှင့် အတူဖမ်းဆီးရမိသူ နှစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ)

တာချီလိတ်မြို့နယ်၊ ပါခါးကျေးရွာအနီးရှိ ဂိုဒေါင်အတွင်းမှ ကျပ်သိန်းပေါင်း ၄၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါခါးကျေးရွာအနီးရှိ ဦးအားမဲ၏တောင်ယာအတွင်းရှိ ဂိုဒေါင်အား မေ ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရဝင်ရောက်ရှာဖွေရာ အစောင့်များ ဖြစ်သည့် အားဂျေ(ဘ)ဦးရှီးတောင်နှင့် မာထ(ဘ)ဦးရှားယိုတို့ကိုတွေ့ရှိရပြီး ဂိုဒေါင်အတွင်းရှိ မြေအောက်ခန်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈၄၀၀ ပြား၊ ပန်းရောင်ဆေးမှုန့် ၅ ကီလိုခန့်နှင့် ရေစိုနေသည့် ပန်းရောင်ဆေးမှုန့် ၂ ကီလိုခန့်(စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၇၆ သိန်းခန့်)တို့ကို တွေ့ရှိဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်းမှ တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး ပိုင်ရှင်ဖြစ်သူ အားမဲ(ဘ)ဦးအားဒို အားဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.