Connect with us

Politics, Law & Military

တိုင်းရင်းသား အားလုံးပါဝင်သော အပစ်အခတ်ရပ်စဲရေး ညီလာခံ ဇွန်လဆန်းတွင် ကျင်းပမည်

မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှုင်းရေး အဖွဲ့ (NCCT) တို့ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံးပါဝင်သော အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ် ဆိုနိုင်ရေး ညီလာခံကို ဇွန်လဆန်းပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။

အဆိုပါ တိုင်းရင်းသား ညီလာခံကျင်းပမည့်ရက် အတိအကျ မသတ်မှတ်ရသေးသော်လည်း ဇွန်လဆန်းပိုင်းတွင် ကျင်းပနိုင်ချေများပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာတွင် ကျင်းပနိုင်ကြောင်း ၎င်းကဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အဓိက ဆွေးနွေးမည့်အပြင် NCCTအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သည့် ကိုးကန့်အဖွဲ့၊ ရခိုင်တပ်မတော်နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ နုတ်ထွက်မည့် ကိစ္စများ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

စတုတ္ထအကြိမ်မြောက် တိုင်းရင်းသား ညီလာခံသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အဓိက ကျသည့် ညီလာခံတစ်ခုဖြစ်သည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC) တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှုင်းရေး အဖွဲ့ (NCCT) တို့ တစ်နှစ်ကျော်ကြာ ဆွေးနွေးခဲ့ရသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (မူကြမ်း) ကို မတ်လ (၃၁) ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်ရှေ့ မှောက်၌ နှစ်ဖက်ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့သည်။

‘ဝ’ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ထိန်းချုပ်နယ်မြေ ပန်ဆန်း(ပန်ခမ်း) မြို့တွင် မေလ (၆) ရက်နေ့က ပြုလုပ်ခဲ့သော ထိပ်သီး အစည်းအဝေးတွင် NCCT အဖွဲ့ဝင် (၁၆) ဖွဲ့အနက် (၁၂) ဖွဲ့ကိုသာ ဖိတ်ကြားခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိပ်သီး အစည်းအဝေးကို ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာတွင် နှစ်ကြိမ်၊ KNU ဗဟိုဌာနချုပ်တည်ရှိရာ လော်ခီးလာတွင် တစ်ကြိမ် ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.