Connect with us

Politics, Law & Military

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးမှ လက်တွေ့ကျသော ဘုံသဘောတူညီမှုများ ရရှိနိုင်ရေး ရှေ့လုပ်ငန်းစဉ်နှင့် ဗျူဟာများ ချမှတ်ရန် တိုက်တွန်း

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး စတုတ္ထနေ့ ဆက်လက် ကျင်းပစဉ် (ဆင်ဟွာ)

မိုင်ဂျာယန် ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

၂၁ ရာစု ပင်လုံ ညီလာခံကြီးထံသို့မည်သို့သော ပုံစံဖြင့် ရှေ့ဆက်သွားကြမည် ဆိုသည်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးမှ လက်တွေ့ကျသော ဘုံသဘောတူညီမှုများ ရရှိနိုင်ရန် တစ်ညီတစ်ညွှတ် ဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ်နှင့် ဗျူဟာများကို ချမှတ်နိုင်ရန် ဇူလိုင်လ ၂၉ ရက် အစည်းအဝေး သဘာပတိ ဖြစ်သူ ပဒို နော်စီ ဖိုးရာစိန်က တိုက်တွန်း ပြောကြားခဲ့သည်။

ကချင်ပြည်နယ် ၊ မိုင်ဂျာယန်၌ ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ၄ ရက်မြောက်နေ့တွင် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် သုံးသပ်ချက်အား တင်ပြ ဆွေးနွေးခြင်း ၊ ဘုံသဘောထားများ စုစည်းခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ဆိုင်ရာ ကိစ္စရပ်များ အပေါ် ပြန်လည် သုံးသပ်ခြင်း ၊ ပြင်ဆင် ဖြည့်စွက်ခြင်း အခွင့်အလမ်း ရရှိရန် အလေးအနက်ထားပြီး ဆွေးနွေးကြရန် လိုအပ်နေကြောင်း အစည်းအဝေး သဘာပတိ ဖြစ်သူ ကရင် အမျိုးသား အစည်းအရုံး (KNU) ဒုတိယ ဥက္ကဋ္ဌ ပဒို နော်စီ ဖိုးရာစိန်က ပြောသည်။

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး ၃ ရက်တာ အတွင်း အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် အရေးကြီးသည့် ဘုံသဘောထား ရပ်တည်ချက်များကို အစည်းအဝေးမှ ထပ်လောင်း သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117