Connect with us

Politics, Law & Military

ထီးချိုင့်မြို့နယ်အတွင်းမှ ကျပ်သိန်း ၂ဝဝဝ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းဖမ်းမိ

ဘိန်းစိမ်းများ နှင့် ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့အဝင် မောင်းတံဂိတ်တွင် ကျပ်သိန်း ၂ဝဝဝ ကျော်တန်ဖိုးရှိ ဘိန်းစိမ်း ၇၂ .၆ ကီလိုဂရမ်ဖမ်းဆီး ရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၁ ရက် နံနက် ၈ နာရီခန့်က ထီးချိုင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့် ကြီးကြပ် ၍ မူးယစ်တပ်ဖွဲ့ မှ ဒုရဲမှူး ရန်နိုင်ထွန်း နှင့် ပူးပေါင်းအဖွဲ့သည် ထီးချိုင့်မြို့ အဝင် မောင်းတံဂိတ်တွင်သတင်းအရ စောင့်ဆိုင်းနေ စဉ် ကျော်ကြီးဆိုသူ စီးနင်းလာသောဆိုင်ကယ်ကို မသင်္ကာ ၍ ရပ်တန့်စစ်ဆေးရာ ဘိန်းစိမ်း ၂၅ . ၈ ဂရမ်ကို လည်းကောင်း၊ ကွင်းဆက်အရ ယင်းနေ့ နံနက် ၉ နာရီက ထီးချိုင့်မြို့နယ် ကျောက်အိုက် ကျေးရွာအနီး အောင်စိန်၏ဆိုင်ကယ်အတွင်းမှ ဘိန်းစိမ်း ၂၂. ၁ ဂရမ်နှင့် သိန်းအောင်၏ဆိုင်ကယ်အတွင်းမှ ဘိန်းစိမ်း၂၄.၇ ဂရမ် စုစုပေါင်းဘိန်းစိမ်းအလေးချိန် ၇၂ . ၆ ဂရမ် စုစုပေါင်းတန်ဖိုး ငွေကျပ် ၂၁၇၈ သိန်းကို ရှာဖွေ စစ်ဆေးတွေ့ရှိသဖြင့် ကျော်ကြီး၊ အောင်စိန်နှင့် သိန်းအောင်တို့ကို ထီးချိုင့်မြို့မရဲစခန်းက ဥပဒေအရဖမ်းဆီး အရေးယူဆောင်ရွက်ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.