Connect with us

Politics, Law & Military

ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ သွားရောက်ရန် သဘောတူထားပြီး အသေးစိတ် ဆက်လက် ညှိနှိုင်းနေ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သူ ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မေ ၅ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သူ ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ သွားရောက်ရန် မူအားဖြင့် သဘောတူထားကြောင်း နိုင်ငံတော် သမ္မတရုံးမှ သိရသည်။

“ဂျပန်ဝန်ကြီးချုပ်က ဖိတ်ခေါ်တယ်။ ဒီကလည်း သွားမယ်။ ဒါက မူအားဖြင့် သဘောတူတယ်ဆိုတာ ပြောလိုက်တယ်။ နောက်ပိုင်းမှာ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေ အသေးစိတ် ညှိနှိုင်းရပါတယ်။ နှစ်ဘက် အဆင်ပြေမယ့် အချိန်ဇယား ၊ ဆွေးနွေးမည့် အကြောင်းအရာတွေ ဆက်ပြီး ဆွေးနွေးရပါတယ်။ ဘယ်အချိန်လောက် ဆိုတာတော့ ဆက်ပြီး ဆွေးနွေးအုန်းမှာ ဖြစ်တဲ့ အတွက် ခန့်မှန်းလို့မရသေးပါဘူး”ဟု နိုင်ငံတော် သမ္မတရုံး၏ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆင်ဟွာသို့ယနေ့ မေလ ၅ ရက်တွင် ပြောသည်။
ဂျပန်နိုင်ငံခြားရေး ဝန်ကြီး H.E.Mr.Fumio KISHIDA ၏ မြန်မာပြည် ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အပေါ် ဂျပန်နိုင်ငံသို့သွားရောက်ရန် မူအားဖြင့် သဘောတူညီခဲ့ခြင်း ဖြစ်ပြီး ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံ ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.