Connect with us

Politics, Law & Military

တာချီလိတ်မြို့အထွက် လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ကျပ်သိန်းပေါင်း (၂၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကျပ်သိန်းပေါင်း (၂၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိစဉ် (ဓာတ်ပုံ-တာချီလိတ်မူးယစ်)

ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ)

တာချီလိတ်မြို့အထွက် လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ကျပ်သိန်းပေါင်း (၂၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း တာချီလိတ် မူးယစ်မှ သတင်း ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မေလ ၃ ရက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမှတ် (၃၃၁) ခြေမြန်တပ်ရင်း ၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ ၊ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ ၊ သတင်းရဲတပ်ဖွဲ့ ၊ လဝက၊ အကောက်ခွန်၊ သစ်တော ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့် အတူ တာချီလိတ်မြို့အထွက် လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ဂျောပ (အောက်) ကျေးရွာမှ တာချီလိတ်ဘက်သို့ ယာဉ်မောင်း အားမူ မောင်းနှင်လာသော ၂၅ယ/၁၀၈၆၅ နံပါတ်ပါ Wave-110 အမျိုးအစား ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ် ယာဘက်ဘေးအဖုံးနှင့် ဆိုင်ကယ်ရှေ့ဘက်အဖုံးကြားများမှ WY စာတမ်းပါ စိတ်ကြွဆေးပြား (၆၄၀၀)ပြား၊ အလေးချိန် (၆၄၀) ဂရမ်ခန့် ဘိန်းစိမ်း (၃) ကီလိုခန့်အား ဘိန်းဖြူ (၂၀ )ဂရမ်ခန့်တို့အား သိမ်းဆည်း ရမိသဖြင့် အားမူ၊ ၂၄ နှစ်အား တာချီလိတ် မြို့မရဲစခန်း မယ (ပ) ၂၇/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.