Connect with us

Politics, Law & Military

နိုင်ငံခြားသို့ တစ်နှစ်အတွင်း ကျွဲ နွား ကောင်ရေ နှစ်သိန်းကျော် တင်ပို့ခဲ့

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်ထူး ဖြေကြားစဉ်။

နေပြည်တော်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ကျွဲ နွားပြည်ပတင်ပို့မှု လုပ်ငန်းကို စတင် အကောင်အထည်ဖော်ခဲ့သည့် တစ်နှစ်အတွင်း ကောင်ရေ စုစုပေါင်း နှစ်သိန်း တစ်သောင်းကျော် (၂၁၅၃၃၃ ကောင်) တင်ပို့ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ ၂၆၄ သန်းဖိုး ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ယနေ့ပြည်သ့ လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“၂၀၁၈ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်း ရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော်မှု ကိန်းဂဏန်းအရ မြန်မာနိုင်ငံမှာ ကျွဲ ၁၈ သိန်း၊ နွား ၉၇ သိန်း၊ ကျွဲနွား ကောင်ရေ စုစုပေါင်း ၁၁၅ သိန်း ရှိတယ်လို့ ခန့်မှန်းရရှိထားပါတယ်၊ ပြည်ပကို ကျွဲနွားတွေ တရားမဝင် တင်ပို့မှု မရှိစေဖို့ စီစဉ် ဆောင် ရွက် နေပါတယ်၊ ကျွဲ နွားပြည်ပတင်ပို့မှု လုပ်ငန်းကို စတင် အကောင်အထည်ဖော်ခဲ့တဲ့ ၂၀၁၇ ဒီဇင် ဘာက စပြီး ၂၀၁၈ နိုဝင်ဘာ ၁၆ ရက် အထိ တရားဝင် တင်ပို့ခွင့် ပြုခဲ့တဲ့ အရေအတွက်ဟာ ကျွဲ ၂၈၆၃၂ ကောင်နဲ့ နွား ၁၈၆၇၀၁ ကောင်ရှိပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်း ထွန်း၏ အမေးကို ၎င်းက ဖြေကြားရာတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ပွင့်ဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း မေးမြန်းနေစဉ်။

ကျွဲနွားများအား ပြည်ပသို့ တရားမဝင်တင်ပို့ခြင်းများလည်း ရှိနေရာထိုင်းနိုင်ငံ မဲဆောက် အကောက် ခွန် ဌာနမှ ရရှိသော စာရင်းများအရ ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ်တွင် ကျွဲနွား ၈၄၆၈၉ ကောင်၊ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် ၆၁၄၄၉ ကောင်၊ ၂၀၁၇ – ၁၈ တွင် ၈၆၄၆၆ ကောင်ခန့် ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ ကြောင်း၊ တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့လည်း တရားမဝင် တင်ပို့မှုများ ရှိသည်ဟု မြေပြင် သတင်းများအရ သိရှိရကြောင်း၊ ထို့ကြောင့် တရားမဝင် တင်ပို့မှု လျော့နည်းစေပြီး နိုင်ငံ့ ပို့ကုန်ဝင်ငွေနှင့် အခွန်ဝင်ငွေ တိုးမြင့်ရရှိစေရန်၊ နယ်စပ်ဖြတ်ကျော် ကူးစက်ရောဂါများအား ထိန်းချုပ် နိုင်စေရန်၊ တောင်သူများအတွက်ကျွဲနွား ရောင်းချမှုမှ ရရှိသော ဝင်ငွေဖြင့် မိသားစု စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်ချက်များဖြင့် စီးပွား – ကူးသန်း ဝန်ကြီးဌာန သည် သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်းပြီး ကျွဲနွား ပြည်ပသို့ တင်ပို့ ရောင်းချခွင့်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရောဂါကင်းရှင်းသည့် ကျွဲနွားများ တင်ပို့နိုင်ရေးအတွက် ယူနန်ပြည်နယ် ကုန်ပစ္စည်း အရည်အသွေး ထိန်းချုပ်ရေးနှင့် ပိုးမွှားကင်းစင်ရေး အထွေထွေ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့နှင့် မြန်မာနိုင်ငံ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့ အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရန် ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.