Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို သတ်မှတ်စံ (၅) ချက်နှင့်အညီ ကျင်းပပေးသွားမည်ဟုဆို

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့် သင်တန်းသား/သူများနှင့် တွေ့ ဆုံစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို သတ်မှတ်စံ ၅ ချက်နှင့် အညီ ကျင်းပပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲများ ကျင်းပပေးရာတွင် လွတ်လပ်ခြင်း ၊ တရား မျှတခြင်း ၊ ပွင့်လင်း မြင်သာမှု ရှိခြင်း ၊ အများ ယုံကြည်လက်ခံခြင်း ၊ ပြည်သူ့ဆန္ဒနှင့် ကိုက်ညီသော ရလဒ်များ ရရှိစေရေး ဆိုသည့် စံ (၅) ချက်ကိုထားရှိပြီး ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက မွန်ပြည်နယ်အခြေစိုက် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးအဖွဲ့ ( NEI ) မှ သင်တန်းသား၊ သင်တန်းသူများ နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲကိုလည်း ထိုကဲ့သို့ ကျင်းပပေးသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲ လုပ်ငန်း စဉ် များကို ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန် ကာလဟူ၍ အပိုင်း (၃)ပိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.