Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ (ငြိမ်း) ဦးသိန်းစိန်နှင့် ဇနီး ကြိုတင်မဲ ပေး

နိုင်ငံတော် သမ္မတ (ငြိမ်း) ဦးသိန်းစိန်နှင့် ဇနီးတို့ ကြိုတင်မဲ ပေးနေကြစဉ်(Photo/ Hein Htet)

နေပြည်တော်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးသန်းလင်း

နိုင်ငံတော် သမ္မတ (ငြိမ်း) ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့သည် ယနေ့ နံနက် ၉:၃၀ နာရီ ခန့်တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ မဲရုံအမှတ်(၂) ကြိုတင် ဆန္ဒမဲများ ပေးခဲ့ကြသည်။

နေ့လယ်ပိုင်း၌ ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ နှင့် မိသားစုများလည်း ကြိုတင်မဲ ပေးခဲ့ကြကြောင်း၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးမောင်အေးတို့ မိသားစုနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဟောင်း ဦးတင်အေးတို့ မိသားစုတို့လည်း ယနေ့ နေ့လယ်ပိုင်းတွင် ကြိုတင်မဲများ အသီးသီး ပေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ (ငြိမ်း) ဦးသိန်းစိန်နှင့် ဇနီးတို့ ကြိုတင်မဲ ပေးနေကြစဉ်(Photo/ Hein Htet)

အဆိုပါ မဲရုံ အမှတ်(၂) မှ မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများက ခြောက်လုံး တန်း အိမ်ယာ (A1, A2, A3, A4, A5 နှင့် A6) သို့ လာရောက်ခဲ့ကြပြီး ကြိုတင်မဲများ လက်ခံရယူခဲ့ကြောင်း ပြည်ထောင်စု နယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးသိန်းထွေးထံမှ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.