Politics, Law & Military
နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်မည့် နေ့ရက်နှင့် အချိန်ကို မတ်လ ၁၄ ရက်တွင် ပြည်ထောင်စု လွှတ်တော် နာယက ကြေညာမည်

နေပြည်တော်၊ မတ် ၁၁ ရက် (ဆင်ဟွာ)
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပြန်လည် စတင်သည့်နေ့ မတ်လ ၁၄ ရက်တွင် နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်မည့် နေ့ရက်နှင့် အချိန်ကို ပြည်ထောင်စုလွှတ်တော် နာယကမှ ကြေညာမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေး သတ္တမနေ့ အစီအစဉ် လျာထားချက်တွင် ဖော်ပြထားသည်။
အဆိုပါနေ့တွင် ပြည်ထောင်စု လွှတ်တော် နာယကမှ ကိုယ်စားလှယ် အသီးသီး တင်ပြလာသည့် ဒုတိယ သမ္မတနှင့် စပ်လျင်း၍ နိုင်ငံတော် သမ္မတအတွက် သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံခြင်း ရှိ၊ မရှိကို သမ္မတ စိစစ်ရေးအဖွဲ့၏ စိစစ်တွေ့ရှိချက်များကို တင်ပြမည် ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်က သမ္မတ ရွေးချယ် တင်မြှောက်ခြင်း အတွက် လျှို့ဝှက် ဆန္ဒမဲပေး ပုံစံများကို ရှင်းပြမည် ဖြစ်သည်။ (Xinhua)