Connect with us

Politics, Law & Military

နေပြည်တော်ကောင်စီရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌအိမ်၌ လက်ပစ်ဗုံးတွေ့ရှိ

ကော်မရှင်ခွဲ ဥက္ကဌ နေအိမ်သို့ ကျရောက်ခဲ့သော လက်ပစ်ဗုံးအား တွေ့ရစဉ်။ (အင်တာနက်)

နေပြည်တော်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၉ ရက်ည ၁၀ း ၀၀ နာရီခန့်တွင် နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နေအိမ်ဝင်း၌ လက်ပစ်ဗုံး တစ်လုံး တွေ့ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟက အတည်ပြု ဖြေကြားခဲ့သည်။

“အကြောင်းကြားလာတာနဲ့ ဒက္ခိဏမြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီး တပ်ဖွဲ့ဝင်များနှင့် စစ်မြေပြင် အင်ဂျင်နီယာ တပ်မှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးပြီး အဆိုပါ လက်ပစ်ဗုံးအား ပေါက်ကွဲမှုမဖြစ်စေရေးအတွက် လုံခြုံရေး အစီအမံများ လုပ်ဆောင်ပြီး သိမ်းဆည်းခဲ့ပါတယ်၊ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေ ရဲစခန်းက ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်၊ နေပြည်တော်ရှိ သက်ဆိုင်ရာ နယ်မြေ ရဲတပ်ဖွဲ့ဝင်များသည် ပုံမှန်ဆောင်ရွက်နေသော လှည့်ကင်း၊ ရပ်ကင်းများအား အထူး အလေးအနက်ထား ဂရုစိုက် ဆောင်ရွက်လျက် ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

စက်တင်ဘာ ၁၉ ရက် ည ၁၀း ၀၀ နာရီခန့်တွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ကြာပင် အုပ်စု၊ ထန်းတပင်ကွက်သစ်၊ မြရူပလမ်းနှင့် မြရွှေဝါ (၃)လမ်းထောင့် ရှိ ခြံအမှတ် ( ဒ-6020)နေ ၊ နေပြည်တော်ကောင်စီနယ်မြေ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းထွေး၏ နေအိမ်၌ နေအိမ် ခေါင်မိုး အပေါ်မှ အသံကြားသဖြင့် နေအိမ်ခြံဝန်းအတွင်း ကြည့်ရှုရာ လက်ပစ်ဗုံးဟု ယူဆရသော အစိမ်းရောင် ဗုံးသီးတစ်လုံးအား တွေ့ရှိခဲ့ပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသော တပ်ဖွဲ့ဝင်များနှင့် စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ လာရောက် စစ်ဆေးက လက်ပစ်ဗုံးဟု အတည်ပြုခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.