Connect with us

Politics, Law & Military

ပဋိပက္ခဒေသရှိ ပြည်သူများ ပညာရေး ကျန်းမာရေး ဆောင်ရွက်မည်

NRPC အဖွဲ့ဝင် ဦးဇော်ဌေး နှင့် KNU အထွေထွေ အတွင်းရေးမှူး ချုပ် ဖဒို စောတာဒိုမူး အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

ကရင်ပြည်နယ်အတွင်း ပဋိပက္ခဒေသရှိ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးများအတွက် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်ရေး အပါအဝင် အခြား ညှိနှိုင်းဆောင်ရွက်မှုများအတွက် သဘောတူခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ပြုလုပ်ခဲ့သော NRPC နှင့် KNU တွေ့ဆုံ ဆွေးနွေးပွဲအပြီး ညနေပိုင်းတွင် မီဒီယာသို့ ပြောကြားခဲ့သည်။

“ဒီနေ့ ဆွေးနွေးပွဲကတော့ တော်တော်လေးကို စိတ်ထဲမှာ ရှိတာတွေ အကုန်ဖွင့်ချပြီးတော့ ဆွေးနွေး ကြတယ်၊ တော်တော်များများ သဘောထား တူညီတာတွေလည်း ရှိတယ်၊ နှစ်ဘက်စလုံးက သက် ဆိုင်ရာ ခေါင်းဆောင်တွေကို တင်ပြပြီး ပြန်ပြီး ဆက်သွယ်ပြီးတော့ ညှိနှိုင်းရမယ့် ကိစ္စတွေလည်း ရှိတယ်၊ ဥပမာ အားဖြင့် ပဋိပက္ခဒေသမှာ ရှိတဲ့ ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး တွေအတွက် ဘယ်လို ဆောင်ရွက်မလဲ ဆိုတာတွေကို ညှိနှိုင်းဖို့ သဘောထားတူကြတယ်၊ နောက် တစ်ချက်က နှစ်ဘက်အကြားမှာ ပူးတွဲလုပ်ငန်းအဖွဲ့ဖွဲ့ပြီး ဆောင်ရွက်ဖို့ကိုလည်း သဘော တူညီ ကြပါတယ်။

သတင်းထုတ်ပြန်ပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ခြုံလိုက်ရင် ဒီနေ့ဆွေးနွေးပွဲက ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးနိုင်တယ်၊ တစ်ဘက် အခက်အခဲ တစ်ဘက် ပွင့်ပွင့်လင်း ပြောကြားနိုင်တယ်၊ NCA လမ်းကြောင်းအတိုင်း ခိုင်ခိုင်မာမာနဲ့ ပိုပြီးတော့ ကောင်းမွန်အောင် ဘယ်လို သွားမလဲ ဆိုတာကိုလည်း အိုင်ဒီယာတွေ အများကြီး ဆွေးနွေးနိုင်လို့ အကျိုးရှိတဲ့ ဆွေးနွေးပွဲလို့ မြင်ပါတယ်” ဟု ၎င်းက ဖြေကြားခဲ့သည်။

KNU အထွေထွေ အတွင်းရေးမှူးချုပ် ဖဒို စောတာဒိုမူး ဖြေကြားနေစဉ် (ဆင်ဟွာ)

ယနေ့ တွေ့ဆုံပွဲ မတိုင်ခင် ကြားကာလတွင် ချင်းမိုင်ကို သုံးခေါက်သွားခဲ့ပြီး တွေ့ဆုံခဲ့ကြောင်း၊ အလွတ် သဘော တွေ့ဆုံပွဲများ၌ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိ အခြေအနေများနှင့် ပတ်သက်ပြီး နှစ်ဘက်စလုံးက NCA လမ်းကြောင်းကို ပိုပြီး ခိုင်မာစေချင်သည့် ၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပိုပြီး ချောမွေ့အောင်မြင်စေလိုသည့် သဘောဖြင့် ကြိုးပမ်း ဆောင်ရွက်ကြကြောင်းလည်း ဦးဇော်ဌေးက ပြောခဲ့သည်။

သတင်းထုတ်ပြန်ပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

KNU အထွေထွေ အတွင်းရေးမှူးချုပ် ဖဒို စောတာဒိုမူးက “ဒီနေ့အစည်းအဝေးက အများကြီး အကျိုး ရှိပါတယ်၊ စစ်မှန်တဲ့ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုတဲ့ စုစည်းမှုတွေ အများကြီး စုစည်း နိုင်ခဲ့ပါတယ်၊ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေ အတွက်ရော ကြားကာလအတွက်ပါ KNU နဲ့ အစိုးရ နဲ့ သီးခြား တွေ့ဆုံပြီး ဘယ်လို ညှိနှိုင်း ဆောင်ရွက်ကြမလဲ ဆိုတဲ့ အခြေခံမူအတွက်ပါ အများကြီး တိုးတက်မှု ရရှိပါတယ်” ဟု ဖြေကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.