Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇန်နဝါရီလ ၁၂ ရက်တွင် စတင်ကျင်းပမည်

နိုင်ငံတော် သမ္မတရုံး မှကြေညာချက်အမှတ် ၂/၂၀၁၅ ကိုတွေ့ရစဉ်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

အမျိုးသား ပြန်လည် သင့်မြတ်ရေး ၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး နှင့် နိုင်ငံရေး ပြသနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး စတင်နိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် စတင်ကျင်းပမည်ဟု နိုင်ငံတော် သမ္မတရုံးမှ ကြေညာချက် အမှတ် ၂/၂၀၁၅ ကို ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ပါ ကတိကဝတ်များ အတိုင်း နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရန် အခြေခံရမည့် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် (The Framework for Political Dialogue)ကို ဒီဇင်ဘာ ၁၅ ရက်တွင် ရေးဆွဲ ပြီးစီးခဲ့ပြီး ယင်းမူဘောင်ကို အခြေခံ၍ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် စတင် ကမ်းလှမ်း ဖိတ်ခေါ်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို နိုင်ငံတော် အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့အကြား လက်မှတ် ရေးထိုးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.