Connect with us

Politics, Law & Military

လှည်းကူးမြို့နယ်တွင်း ကျူးကျော် အိမ်အလုံး ၁၅၀၀ ကျော် ဖယ်ရှားရှင်းလင်း

လှည်းကူးမြို့နယ် စခန်းကြီး ကျေးရွာအတွင်း ရှိ ကျူးကျော်အိမ်များအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

လှည်းကူးမြို့နယ် စခန်းကြီး ကျေးရွာအတွင်း ရှိ စိုက်ပျိုးရေးဦးစီးဌာန နှင့် စက်မှုသီးနှံ့ဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် မြေဧက ၁၆၀ ဧက ကျော်၌ ကျူးကျော် တည်ဆောက် ထားသော အိမ်အလုံး ၁၅၀၀ ကျော်ကို ယနေ့ နံနက် ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း လှည်းကူးမြို့နယ် သတ်ဆိုင်ရာ အာဏာပိုင်များထံမှ သိရသည်။

အဆိုပါ ကျေးရွာရှိ ကွင်းအမှတ် ၉၇၈/၉၈၉ပေါ်ရှိ တဲအလုံးရေ ၁၅၃၈ လုံး နှင့် ခြံကွက် ၂၂၅၅ ကွက်ကို ယနေ့ နံနက်ပိုင်းမှ စတင်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက စက်ယန္တရားကြီးများဖြင့် ဖယ်ရှား ရှင်းလင်းခဲ့သည်။

ယင်း ကျူးကျော်နေထိုင်သည့် မြေများသည် ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA(PC) မှ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဆိုင်းဘုတ်များ ချိတ်ပြီး ရောင်းချထားသော မြေများဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.