Connect with us

Politics, Law & Military

ပြည်ထောင်စု အကျိုးနဲ့ ဒေသ အကျိုးရှိ မည်ဆိုလျှင် ကျောက်ဖြူ စီမံကိန်း အပါအဝင် ထောက်ခံဟု ဒေါက်တာ အေးမောင်ဆို

ရခိုင် အမျိုးသား ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်မှ ဆင်ဟွာ သတင်း ဌာန၏ သီးသန့် အင်တာဗျူး လက်ခံ ဖြေကြားနေစဉ် (Xinhua)

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

မြန်မာပြည်သို့ ပြည်ပ ရင်းနှီး မြှုပ်နှံမှု များလာသည့် အခါ ပြည်ထောင်စု တစ်ခုလုံးနှင့် သက်ဆိုင်သော ဒေသ အတွက် အကျိုး ရှိခဲ့မည်ဆိုလျှင် ပြည်သူက ထောက်ခံဖို့ အဆင်သင့် ရှိပါကြောင်း ရခိုင် အမျိုးသားပါတီမှ ဥက္ကဌ ဒေါက်တာ အေးမောင်က ဆင်ဟွာကို ပြောသည်။

ရခိုင် ဒေသကို ဖွံ့ဖြိုးမှု တစ်ခုရှိအောင် လုပ်ဖို့ မြန်မာနိုင်ငံ အစိုးရမှာ တာဝန်ရှိသလို တရုတ်ပြည် အစိုးရမှာလည်း တာဝန် ရှိပါတယ်’’ဟု ၎င်းက ဆက်ပြောသည်။

ဒေသခံ လူထုရဲ့လိုအင် ဆန္ဒနဲ့ ဖွံ့ဖြိုး တိုးတက်မှုကို လုပ်ပေးနိုင်မှု တစ်နည်းအားဖြင့် အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) အကူညီနဲ့ဖြစ်ဖြစ် တခြား ရခိုင်ပြည်နယ်ရဲ့ လမ်းပန်း ဆက်သွယ်ရေး၊ Infrastructure ပိုင်းကို ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်မယ်ဆိုရင် တရုတ်ပြည်ရဲ့ ပေါ်လစီ ဖြစ်တဲ့ Energy Security ပိုင်းကိုလည်း ကျွန်တော်တို့ ဒေသက ပံ့ပိုးပေးနိုင်ကြောင်း၊ တနည်းအားဖြင့် နှစ်နိုင်ငံ အကျိုးရှိအောင် ဒေသခံတွေက ကူညီ ပံ့ပိုး ပေးနိုင်တယ်ဟု ဆိုသည်။

ဒေါက်တာ အေးမောင်က “ကျွန်တော်တို့ အစိုးရနဲ့ တရုတ်ပြည် အစိုးရ ပူးပေါင်းပြီး ပိုးလမ်းမကြီး အပါအဝင် နှစ်နိုင်ငံ ချစ်ကြည်ရေး မူကြီး ၅ ချက်နဲ့ အညီ နယ်စပ် တည်ငြိမ်မှု၊ နှစ်နိုင်ငံ လူထု ချင်းချစ်ကြည် မှုကို ရောက်အောင် နိုင်ငံရေး ပါတီတွေ၊ နိုင်ငံတော်အစိုးရတွေက ကူညီပံ့ပိုးနိုင်မယ်ဆိုရင် တရုတ်ပြည်ကြီးရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ကိုယ်ဖွံ့ဖြိုးတာ တစ်ခုတည်း မဟုတ်ဘဲနဲ့ ကိုယ့်နဲ့ နီးစပ်နေတဲ့ ကိုယ့် ပတ်ဝန်းကျင်က နိုင်ငံတွေ အားလုံး တပြည်းညီ ဖွံ့ဖြိုး တိုးတက်လာ နိုင်ဖို့ မျှော်မှန်းချက် အောင်မြင်နိုင်ပါတယ်’’ ဟုပြောသည်။

ထိုသို့ အောင်မြင်နိုင်ဖို့ ပိုးလမ်းမကြီးကဲ့သို့၊ ဆက်သွယ်ရေးလမ်းမကြီးတွေ၊ ကုန်သွယ်ရေး လမ်းမကြီးတွေ ဖွံ့ဖြိုးမှုက တော်တော် အရေးကြီးပါတယ်။ ကျွန်တော်တို့ ကတော့ ကြိုဆိုပါတယ် ဟုဆိုသည်။ (Xinhua)