Connect with us

Politics, Law & Military

ပြည်သူများ ကောင်းကျိုးချမ်းသာအတွက် နောက်ဆုံးအချိန်ထိ ဆောင်ရွက်သွားမည်ဟု သူရဦးရွှေမန်းဆို

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း အား သူ၏ ရုံးခန်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ- H.E. Thura U Shwe Mann Facebook)

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ဥက္ကဌ ရာထူးမှ ပြောင်းလဲခြင်း ခံခဲ့ရသော ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် ပြည်သူများ ကောင်းကျိုး ချမ်းသာအတွက် နောက်ဆုံး အချိန်ထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ယနေ့ ရေးသား ထားသည်။

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် စေတနာ၊ မေတ္တာ၊ စာနာမှုများဖြင့် မိမိအား မေးမြန်းကြသည့် ပြည်သူများကို ကျေးဇူးတင်ရှိပြီး ပြည်သူများ ကောင်းကျိုးချမ်းသာ အတွက် နောက်ဆုံး အချိန်ထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် ပါတီ ဥက္ကဌ ရာထူးမှ ပြောင်းလဲ ခံခဲ့ရသော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် တစ်ဦး အဖြစ် ဆက်လက်ရှိနေမည် ဖြစ်ပြီး နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဖြူးမြို့နယ်မှ ကိုယ်စားလှယ်လောင်း အဖြစ်လည်း ဆက်လက် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် ယနေ့ မနက်တွင် ပြည်သူ့ လွှတ်တော် ဥက္ကဌရုံးသို့ ပုံမှန်အတိုင်း လာရောက် ရုံးတက်ကြောင်း ပြည်သူ့ လွှတ်တော်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးက ဆိုသည်။

လက်ရှိတွင် သူရ ဦးရွှေမန်းသည် ပြည်သူ့ လွှတ်တော်တွင် ဥက္ကဌ ရာထူး၊ ပြည်ထောင်စု လွှတ်တော်တွင် နာယက တာဝန်များကို ထမ်းဆောင် နေရပြီး ပါတီလုပ်ငန်း တာဝန်များကို ဖိဖိစီးစီး ဆောင်ရွက်ရန် လိုအပ်သဖြင့် သြဂုတ်လ ၁၂ ရက်နေ့မှ စတင်ကာ ပါတီ၏ ဒုတိယဥက္ကဌ ဦးဌေးဦးအား ပူးတွဲ ဥက္ကဌအဖြစ် ပြောင်းလဲခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.