Connect with us

Politics, Law & Military

ဇေကမ္ဘာဝင်း အတွင်း၊ ဖမ်းဆီးရမိသော စိတ်ကြွ ရူးသွပ်ဆေးပြား ပိုင်ရှင်အား စုံစမ်းတွေ့ရှိ၊ ထွက်ပြေး တရားခံများအား ဖမ်းဆီးရမိရန် ဆောင်ရွက်လျက်ရှိ

မင်္ဂလာဒုံ စက်မှုဇုန် (ဇေကမ္ဘာဝင်း) အတွင်းဖမ်းဆီး ရမိသည့် စိတ်ကြွ ရူးသွပ်ဆေးပြားများ (ဓာတ်ပုံ- MOI)

ရန်ကုန်၊ သြဂုတ် ၁၄ ရက်( ဆင်ဟွာ)

ဇေကမ္ဘာဝင်း အတွင်း၊ အိုးအိမ် ၆ လမ်းသွားလမ်းပေါ်၌ စိတ်ကြွ ရူးသွပ် ဆေးပြား ၂၆.၇ သန်း ၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၃၃.၅ ဘီလီယံ သိမ်းဆည်းရမိခဲ့မှု ကွင်းဆက်အား ဆက်လက် စုံစမ်းရာ KALADAN DELTA DEVELOPMENT Co.,Ltd နှင့် ပတ်သက်သော စာရွက် စာတမ်းများအား သိမ်းဆည်းရမိပြီး ထွက်ပြေး ရှောင်တိမ်းနေသော တရားခံများအား ဖမ်းဆီး ရမိရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

ဇူလိုင်လ ၂၆ ရက်နေ့တွင် မင်္ဂလာဒုံ မြို့မ ရဲစခန်းမှ လှည့်ကင်းအဖွဲ့သည် မင်္ဂလာဒုံ စက်မှုဇုန် (ဇေကမ္ဘာဝင်း) ၊ အိုးအိမ် ၆ လမ်းသွား လမ်းမပေါ်၌ ယာဉ်အမှတ် 4G/…KIA BONGO ယာဉ်၊ ကွန်တိန်နာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆.၇ သန်း၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၃၃.၅ ဘီလီယံ သိမ်းဆည်း ရမိခဲ့ပြီး၊ ယာဉ်ပေါ်၌ 7I…… မော်တော်ယာဉ် နံပါတ်ပြား နှင့် 1G/… မော်တော်ယာဉ် နံပါတ်ပြားများ ကိုရှာဖွေ တွေ့ရှိခဲ့ပြီး မင်္ဂလာဒုံ စက်မှုဇုန်၊ အမှတ် (၃) လမ်းဆုံ မီးပွိုင့်အနီး တွင် ရပ်ထားသော KIA BONGO အမျိုးအစား မော်တော်ယာဉ် အား 7I… ယာဉ်အမှတ်ဖြင့် ထပ်မံ သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ယာဉ်များ ယာဉ်ပိုင်ရှင် အမည်ပါ လိပ်စာများကို စစ်ဆေး ဖော်ထုတ်ခဲ့ရာ ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ် ၄၃ ရပ်ကွက်၊ ဇွဲကပင်လမ်းရှိ နေအိမ်မှ KALADAN DELTA DEVELOPMENT Co.,Ltd နှင့်ပတ်သက်သော စာရွက် စာတမ်းများကို သိမ်းဆည်း ရမိခဲ့ပြီး ယာဉ်ပိုင်ရှင်အမည် လှမောင်၊ အောင်လင်း နှင့် ပြည့်စိုးတို့မှာ တစ်ဦးတည်း ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။

KALADAN DELTA DEVELOPMENT Co.,Ltd သည် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၁ ရပ်ကွက် ရှိ ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာနှင့် အဖွဲ့ဝင် ဒါရိုက်တာများ ဖြစ်ကြသည့် သူများကို စစ်ဆေးတွေ့ရှိခဲ့ပြီး၊ ကုမ္ပဏီ ရုံးချုပ် ၊ ကုမ္ပဏီရုံးခွဲ နှင့် ၎င်းတို့၏ နေအိမ်များကို သြဂုတ်လ ၃ ရက်တွင် ရှာဖွေ စစ်ဆေးခဲ့ရာ ၎င်းတို့မှာ နေအိမ်နှင့် ရုံးများကို သော့ပိတ် ထွက်ပြေး တိမ်းရှောင်သွားကြပြီး၊ ကုမ္ပဏီ ရုံးချုပ်အတွင်းမှ ဆာလာအိတ် ၅ အိတ် ဖြင့်ထည့်ထားသော စိတ်ကြွ ရူးသွပ်ဆေးပြား ၁.၅ သန်း၊ စုစုပေါင်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၇,၅၀၀ ကို ထပ်မံ သိမ်းဆည်း ရမိခဲ့သည်။

KALADAN DELTA DEVELOPMENT Co.,Ltd မှ သိမ်းဆည်း ရမိသော စိတ်ကြွ ရူးသွပ်ဆေးပြားများ ၏ ပြင်ပ လက္ခဏာနှင့် ထုတ်ပိုးမှု ပုံစံများသည် မင်္ဂလာဒုံ ၌ သိမ်းဆည်းရမိသော စိတ်ကြွ ရူးသွပ်ဆေးပြားများ၏ ပြင်ပလက္ခဏာ နှင့် ထုတ်ပိုးမှုပုံစံများ နှင့် တူညီကြောင်းတွေ့ရှိရပြီး၊ ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ နှင့် အဖွဲ့ဝင်များကို မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး၊ ထွက်ပြေး တိမ်းရှောင်လျက်ရှိသော ၎င်းတို့အား ဖမ်းဆီး ရမိရေးအတွက် အိမ်နီးချင်းနိုင်ငံများ နှင့်ပါ သတင်း ဖလှယ် စုံစမ်းရှာဖွေမှုများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117