Connect with us

Politics, Law & Military

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငါးရာကျပ်တန် ငွေစက္ကူ ဇူလိုင်လ ၁၉ ရက်တွင် စတင်ထုတ်ဝေမည်

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငါးရာကျပ်တန် ငွေစက္ကူနမူနာအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငါးရာကျပ်တန် ငွေစက္ကူကို ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန် ငွေစက္ကူအရွယ်အစားသည်အလျား  ၁၅၀  မီလီမီတာ အနံ  ၇၀ မီလီမီတာ ရှိကာ ငွေစက္ကူသည် ပေါ်လွင်သော နီညိုရောင်ရှိပြီး ငွေစက္ကူ၏အပေါ်ဘက်တွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” စာတန်း ရိုက်နှိပ်ထားမည်ဖြစ်ကြောင်း သိရသည်။

ငါးရာကျပ်တန်ငွေစက္ကူ၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားပြီး ငွေစက္ကူ၏လက်ယာဘက်တွင် ငွေစက္ကူ၏တန်ဖိုးကို မြန်မာစာသားဖြင့် “ငါးရာကျပ်” ဟုဖော်ပြထားမည်ဖြစ်ကြောင်း ၊ထောင့်သုံးထောင့်တွင်လည်း ငွေစက္ကူ၏တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားမည်ဖြစ်ကြောင်း သိရသည်။

ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ် အက္ခရာ အင်္ဂလိပ် ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားမည်ဖြစ်ကြောင်း၊ငွေစက္ကူ၏လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရေစာပါရှိကာ ငွစက္ကူတွင် လုံခြုံရေးကြိုး ကို ဒေါင်လိုက် မြုပ်နှံထည့်သွင်းထားမည်ဖြစ်ကြောင်း၊ ငွေစက္ကူ၏ ဘယ်ညာအစွန်းများတွင် ဖောင်းကြွလိုင်းတိုများ ရိုက်နှိပ်ထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ငါးရာကျပ်တန် ငွေစက္ကူ၏ ကျောဘက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦပုံ ရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ “CENTRAL BANK OF MYANMAR” စာတန်းအောက်ပိုင်း၌ “FIVE HUNDRED KYATS” ဟူသော စာတန်းများ ရိုက်နှိပ်ထားကြောင်း၊ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏တန်ဖိုးများကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားကြောင်း သိရသည်။

လက်ရှိသုံးစွဲလျက်ရှိသော ငါးရာကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်တန် ငွေစက္ကူသစ်ကို ၂၀၂ဝပြည့်နှစ် ဇန်နဝါရီ ၇ရက်မှ စတင်ပြီး စီးပွားရေးဘဏ်များ၌ လဲလှယ်ထုတ်ယူသုံးစွဲခွင့်ပြုခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.