Connect with us

Politics, Law & Military

ဗိုလ်တထောင်မြို့နယ်၌ ဝင်ရောက်ရှာဖွေဖမ်းဆီးစဉ် တိုက်ပေါ်မှ လူငယ်၅ဦးခုန်ချရာ၂ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၆)ရပ်ကွက်၊ (၄၄)လမ်း တိုက်အမှတ်(၁၆)၊ ၃ လွှာ၌ ဖောက်ခွဲရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် ပစ္စည်းများသိုဝှက်ထားသည့် သတင်းအရ သြဂုတ် ၁၀ရက် ညနေ ၃နာရီ ၄၅မိနစ်တွင် ဝင်ရောက်ရှာဖွေဖမ်းဆီးစဉ် အဆိုပါ တိုက်ပေါ်မှ လူငယ်(၅)ဦး ခုန်ချခဲ့ရာ (၂)ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။” အမျိုးသား ၄ယောက် အမျိုးသမီး ၁ယောက် အိမ်နောက်ပေါက်ကနေ ခုန်ချသွားတာ၊ အခင်းဖြစ်တဲ့နေရာမှာတင် ၂ယောက်က သေတယ်၊ကျန် ၃ဦးလည်း အခြေအနေ စိုးရိမ်ရတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောသည်။

အဆိုပါ တိုက်ပေါ်မှ ခုန်ချခဲ့သော လူငယ်(၅)ဦးသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမေးမြန်းခြင်းကို မခံယူဘဲ တိုက်(၃)လွှာ နောက်ဘက်ရှိ ပြတင်းပေါက်မှ ခုန်ချခဲ့ခြင်းဖြစ်ပြီး တိုက်ခန်းအောက်ခြေရှိ ကွန်ကရစ်ကြမ်းပြင်ပေါ်သို့ ပြုတ်ကျပြီးနောက် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး သေဆုံးခဲ့ကြောင်း၊ ကျန် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် တပ်မတော်စစ်ဆေးရုံ(ကုတင် ၁၀၀၀)တွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ယင်းတိုက်ပေါ်၌ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၁)ဦးအား ဖောက်ခွဲရေးလုပ်ငန်းများတွင် အသုံးပြုသည့် လက်လုပ်ဗုံးမျိုးစုံ ၁၆လုံး၊ ယမ်းပျော့ ၂ချောင်း၊ တစ်ထုပ်လျှင် ဗျောက်အိုး ၅၀ခုပါ နှစ်ထုတ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.