Connect with us

Politics, Law & Military

မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၂၀၀ ပြားဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူ ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၂၀၀ ပြားဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၄ ရက်နေ့ ၂၂း၃၀နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၄၅)ရန်ကုန်လေဆိပ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်ပထွက်ခွာဆောင် Terminal – 1 Inline Reject X-Ray စက်တွင် မလေးရှားလေကြောင်းလိုင်းဖြင့် ရန်ကုန်လေဆိပ်မှ မလေးရှား နိုင်ငံသို့လိုက်ပါမည့် ခရီးသည်အောင်မျိုးမင်း(ခ)ငမင်း၏ ပါဆယ်ထုတ်ကို X-Ray စက်ဖြတ်သန်းစဉ် မသင်္ကာ၍ အောင်မျိုးမင်း(ခ)ငမင်း၊ ပါဆယ်ထုတ်ထည့်ပေးသူ မမြမြဝင်းတို့အား ခေါ်ဆောင်၍ ဖွင့်ဖောက် စစ်ဆေးရာ အိတ်အတွင်း မိန်းမစီးကတ္တီပါဖိနပ် ၄၀ ရံနှင့် ပါတိတ် ၂၀ ထည်အား တွေ့ရှိရပြီး ဖိနပ် ၁၁ ရံ၏ အံဝှက်ပြုလုပ်ထားသည့်ဖိနပ်ခွာများအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၂၀၀ ပြားသိမ်းဆည်းရမိခဲ့ပြီး မမြမြဝင်းမှာ စိတ်ကြွရူးသွပ်ဆေးပြားများအား ခင်မာလာ(ခ)မော်လီမှတစ်ဆင့် ဆက်သွယ်၍ ခရီးသည်အောင်မျိုးမင်း(ခ)ငမင်းနှင့်အတူ မလေးရှားနိုင်ငံသို့ ထည့်ပေးခြင်းဖြစ်သဖြင့် မမြမြဝင်း(၅၂)နှစ်၊ ခင်မာလာ(ခ) မော်လီ(၄၁)နှစ်နှင့် အောင်မျိုးမင်း(၃၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.