Connect with us

Politics, Law & Military

မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနစတင်ဖွင့်လှစ်ခဲ့ချိန်မှ ယခုထိအမှုပေါင်း ၁,၂၇၉ မှုဖွင့်လှစ်အရေးယူနိုင်ခဲ့ဟု သမ္မတရုံးထုတ်ပြန်

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများကိုရန်ကုန်အနောက်ပိုင်းကုန်တင်ယာဉ် ရပ်နားကွင်း၌ မီးရှို့ဖျက်ဆီးမှုပြုလုပ်သည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနစတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၈ ရက်အထိစုံစမ်းဖော်ထုတ်ချက်များအရအမှုပေါင်း ၁,၂၇၉ မှုဖွင့်လှစ်အရေးယူခဲ့ပြီးတရားခံစုစုပေါင်း ၁,၉၆၈ ဦးဖမ်းဆီးရမိခဲ့ကြောင်းနိုင်ငံတော် သမ္မတရုံးကသတင်းထုတ်ပြန်ခဲ့သည်။ 

အဆိုပါ ဖော်ထုတ်ဖမ်းဆီးအရေးယူမှုများတွင် ဘိန်းဖြူ ၁၀,၀၃၄ ဒသမ ၄၆၁၄ ဂရမ် ၊ ICE ၁,၄၃၅ ဒသမ ၄၂ ဂရမ် ၊ ဘိန်း ၄၄,၃၈၇ ဒသမ ၂၂၈,၈၆၆ ဂရမ် ၊ အဆင့်နိမ့်ဘိန်း ၁,၃၆၇ ဒသမ ၉၆ ဂရမ် ၊ ဘိန်းစာမှုန့် ၅၃,၃၆၃ ဒသမ ၇၆ ဂရမ် ၊ ဘိန်းစာရွက် ၁၉,၀၉၇ ဒသမ ၃၂ ဂရမ် ၊ ဘိန်းစာရည် ၂ ဒသမ ၅ လီတာ ၊ စိတ်ကြွဆေးပြား ၆၅၉,၃၅၉ ပြား ၊ ဆေးခြောက် ၁၃,၄၇၁ ဒသမ ၈၆ ဂရမ် ၊ ဘိန်းရည် ၀ ဒသမ ၁ လီတာ ၊ ဘိန်းဆီခဲ ၆၃၀ ဒသမ ၂၈ ဂရမ် ၊ ဘိန်းစေ့ ၆၀ ဂရမ် ၊ စိတ်ကြွဆေးပြားအကြေမှုန့်  ၆၀ ဒသမ ၁၅ ဂရမ် ၊ Ecstasy အကြေ ၀ ဒသမ ၀၀၁ ဂရမ် ၊ လက်နက်မျိုးစုံ ၂၆ လက် ၊ ကျည်မျိုးစုံ ၆၀၉ တောင့် ၊ လက်ပစ်ဗုံး ၁ လုံးတို့ပါဝင်ကြောင်းသိရသည်။ 

ထို့ပြင် မူးယစ်ဆေးဝါးသတင်းများနှင့် ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးအရေးယူမှုကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း ၊ မူးယစ်ဆေးဝါးများပိုမိုဖမ်းဆီးရမိနိုင်ရေးနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့ တိုင်ကြားနိုင်သည့်အပြင် ထူးခြားသည့် ကိစ္စရပ်များနှင့် ကြီးမားသည့် မူးယစ်ဆေးဝါးရောင်း/ဝယ်မှုကိစ္စရပ်များကိုနိုင်ငံတော် သမ္မတရုံး၏ မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနတယ်လီဖုန်း/ဖက်စ်ဖုန်းနှင့် အီးမေးလ်လိပ်စာတို့သို့ ရုံးချိန်အတွင်းလုံခြုံစိတ်ချစွာတိုင်ကြားနိုင်ကြောင်းအသိပေးချက် ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.