Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း ၁,၁၀၀ ဦးကျော် ဝင်ရောက် ယှဉ်ပြိုင်မည် 

၂၀၁၇ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မဲရုံတစ်ခု၌ မဲရလဒ်များ ရေတွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁,၁၂၉ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ဖြစ်သူ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

USDP ပါတီမှ အောင်နိုင်ရေးအတွက် ပြင်ဆင်ထားသည့် အနေအထားများ  ၊ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုများအား အသေးစိတ် ထပ်မံ သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

ပြည်ထောင်စုနယ်မြေ နှင့် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုတွင်  USDP ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ 

USDP ပါတီသည် ပြည်သူ့လွှတ်တော်၌ ကိုယ်စားလှယ်လောင်း ၃၂၀ ဦး ၊ အမျိုးသားလွှတ်တော်၌ ကိုယ်စားလှယ်လောင်း ၁၆၅ ဦး နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၌ ကိုယ်စားလှယ်လောင်း ၆၄၄ ဦး အသီးသီး ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသွားမည် ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခဲ့ရာတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နယ် ၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ် ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နယ် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်များ ၂၉ နယ် အသီးသီး ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117