Politics, Law & Military
မောင်တောဒေသ၌ ရှစ်လအတွင်း ပြည်သူ ၃၈ဦးအသတ်ခံရပြီး ၂၂ ဦးဖမ်းဆီးခံရ
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ မှ ၂၀၁၇ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ အထိ အပြစ်မဲ့ပြည်သူ ၃၈ ဦးအသတ်ခံရပြီး ၂၂ဦးဖမ်းဆီး/ပျောက်ဆုံး ခံရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ အသတ်ခံခဲ့ရသော မောင်တောဒေသခံများသည် ဓားပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်၌ အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများလည်းတွေ့ရှိထားသဖြင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ထားကြောင်း သိရသည်။(Xinhua)