Connect with us

Politics, Law & Military

မောင်တောမြို့ရှိ ရဲကင်းစခန်းအား ဓားကိုင်ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားကို ပစ်ခတ်ဖမ်းဆီး

ဒိုင်းနက်လူမျိုးနှစ်ဦး အသတ်ခံရသော နေရာပြမြေပုံ (ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ကွမ်းသီးပင်ချောင်းဝ ရဲကင်းစခန်းအတွင်း ဓားကောက်ကိုင် ပြေးဝင်လာသော အမျိုးသားတစ်ဦးအား ပစ်ခတ်ဖမ်းဆီး ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဓားကောက်ကိုင်လာသော အမည်မသိ အမျိုးသားတစ်ဦးသည် အောက်တိုဘာ ၂၀ရက်နေ့တွင် မောင်တောမြို့နယ် နယ်မြေ(၃) ကွမ်းသီးပင်ချောင်းဝ ရဲကင်းစခန်း အတွင်းသို့ ဦးတည်ပြေးလာသဖြင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ရပ်တန့်၍ လက်နက်ချရန် အော်ဟစ် သတိပေးသော်လည်း ရပ်တန့်ခြင်း မရှိဘဲ အလ္လာဝက္ကဘတ်ဟု အော်ဟစ်၍ ဆက်လက်ပြေးဝင် လာခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီး ခဲ့ရကြောင်း သိရသည်။

ထိုသို့ပစ်ခတ် ဖမ်းဆီးခဲ့မှုကြောင့် ယင်းအမျိုးသားမှာ ယာရင်ညွန့်အောက် ဖောက်ဝင်ဒဏ်ရာ တစ်ချက်ဖြင့် စခန်းနှင့် ၅ ကိုက်ခန့် အကွာတွင် လဲကျသေဆုံး သွားခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူအား စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား မိုဟာမတ် ရှာဟက်အာ့သာ ၅၆ နှစ်ဖြစ်ပြီး ၎င်းထံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ကတ်အမှတ် (ID) 2690421588992 နှင့် ဓားကောက်တစ်ချောင်း တို့အား သိမ်းဆည်းရမိခဲ့ပြီး တောင်ပြို-ယာနယ်မြေစခန်း၌ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ(က)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.