Connect with us

Politics, Law & Military

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီးမှ နှစ်နိုင်ငံဆက်ဆံရေးနှင့် တည်ငြိမ်ဖွံ့ဖြိုးရေး အလေးထား ပြောကြား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ၂၀၁၄ ခုနှစ် နိုင်ဝင်ဘာလ ၈ ရက်နေ့တွင် ပေကျင်းမြို့၌ တွေ့ဆုံနှုတ်ဆက် နေစဉ်။ (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ၂၀၁၄ ခုနှစ် နိုင်ဝင်ဘာလ ၈ ရက်နေ့တွင် ပေကျင်းမြို့၌ တွေ့ဆုံနှုတ်ဆက် နေစဉ်။ (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး ယန်ဟို့လန် (Yang Houlan)က ဖေဖော်ဝါရီ ၁၆ ရက်နေ့ တွင် ပြုလုပ်ခဲ့သည့် တရုတ်နှစ်သစ်ကူး ဧည့်ခံပွဲ၌ မိန့်ခွန်းပြောကြားရာတွင်” ၂၀၁၄ ခုနှစ်တွင် တရုတ်-မြန်မာ ဆက်ဆံရေးသည် တည်ငြိမ်တိုးတက်မှုရှိခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသော နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် တိုးတက်မှုရရှိခဲ့သည်။ ထ့ိုအပြင် ကုန်သွယ်မှုပမာဏမှာလည်း စံချိန်သစ်တင် နိုင်ခဲ့သည်” ဟုပြောကြားခဲ့သည်။

နိုင်ငံတကာနှင့် ဒေသတွင်း ပြဿာနာများ ရင်ဆိုင်ရာတွင် နှစ်နိုင်ငံ အပြန်အလှန် နားလည်မှုရှိခြင်း ၊ ထောက်ခံအားပေးခြင်း၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းများ ကို ပြုလုပ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဝန်ကြီးချုပ် လီခဲ့ချန်(Li Keqiang) သည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံတွင် ကျင်းပသည့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်ခဲ့ သဖြင့် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မြောက် မိတ်ဖက်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးတက်လာခဲ့သည် ဟု အလေးထားပြောကြားခဲ့သည်။

“ခေတ်သစ်ပိုးလမ်းမကြီး” ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံသည် အရေးကြီး အခန်းကဏ္ဍတွင်ပါဝင် ကြောင်း၊ ဤလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံအတွက် တိုးတက်မှု အခွင့်အလမ်းများစွာ ပေးစွမ်းနိုင်မည် ကိုလည်း ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် တွင် တရုတ်-မြန်မာ ဆက်ဆံရေး ပိုမိုတိုးတက် အောင်မြင်မှု ရရှိရန် မျှော်လင့်ပြီး၊ နှစ်နိုင်ငံ ပူးပေါင်းမှု လုပ်ငန်းများလည်း တိုးချဲ့ဆောင်ရွက်နိုင်မည်ကို ယုံကြည်ကြောင်း ၊ တရုတ်သံရုံးအနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ဆက်လက်၍ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

တရုတ်သံအမတ်ကြီးသည် မြန်မာနိုင်ငံရောက် တရုတ်လုပ်ငန်းရှင်များနှင့် တရုတ်လူမျိုးတို့အတွက် နှစ်သစ် ဆုတောင်းစကားများ ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.