Connect with us

Politics, Law & Military

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူ မဲပေးခွင့်ပြုခြင်း အခြေခံဥပဒေနှင့် မညီဟု ခုံရုံးအကြောင်းပြန်

ယာယီသက်သေခံလက်မှတ် (White Card) မဲပေးခွင့် ပယ်ဖျက်ရေး ဆန္ဒပြပွဲ မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများအား မဲပေးခွင့် ပြုထားခြင်းသည်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းပြန်ကြားလိုက်သည်။

White Card ကိုင်ဆောင်ထားသူများအား မဲပေးခွင့် ပြုခဲ့ခြင်းအပေါ် မကျေနပ်မှုများနှင့် ဆန္ဒပြမှုများ ဖြစ်ပွားနေသဖြင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ယခုလ ၁၁ ရက်တွင် ခုံရုံးဥက္ကဋ္ဌထံသို့ သဘောထား တောင်းခံခဲ့ပြီး ပြည်ထောင်စုလွှတ်တော်နာယက၏ သဘောထားတောင်းခံချက်ကို ခုံရုံးဥက္ကဋ္ဌက ဥပဒေဆိုင်ရာ အကိုးအကားများအား ရည်ညွှန်း၍ အခြေခံဥပဒေနှင့် မညီကြောင်း ယခုလ ၁၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းပြန်ကြားချက် ပေးပို့ခဲ့သည်။

အဆိုပါWhite Card ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ပြုထားသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေသည် ထုတ်ပြန်ပြီး ဥပဒေဖြစ်၍ အခြေခံဥပဒေနှင့် မညီညွတ်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ပြင်ဆင်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.