Connect with us

Politics, Law & Military

မြန်မာနိုင်ငံရှိ မြို့များ၌ တရားမဝင်သစ်များအား ဖမ်းဆီးရာ တစ်ပတ်အတွင်း တန် ၁၅၀ ကျော် ဖမ်းဆီးရမိ

ပဲခူးတိုင်းအတွင်း ဖမ်းဆီးရမိသော တရားမ၀င်သစ်များအားတွေ့ရစဉ်(သစ်တောဦးစီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ မြို့များ၌ တရားမဝင်သစ်များအား ဖမ်းဆီးရာ တစ်ပတ်အတွင်း တန် ၁၅၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။

အဆိုပါ တရားမဝင်သစ်များကို ဖမ်းဆီးရာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့ရှိ မြို့များမှ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဒီဇင်ဘာ ၃ရက်မှ ၉ရက်နေ့အထိ တရားမဝင်သစ်များ ဖမ်းဆီးရာ အများဆုံးအနေဖြင့် ပဲခူးတိုင်းဒေသကြီးတွင် ၄၂တန်ကျော်၊ ဒုတိယ အများဆုံးအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ၂၄တန်ကျော်နှင့် တတိယအများဆုံး အနေဖြင့် မကွေးတိုင်းဒေသကြီးတွင် ၁၇တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျွန်းသစ်၊ ပိတောက်၊ ကတိုး၊ နဘဲ၊ ဘင်္ဂခွဲ၊ တမလန်းခွဲသား၊ ကညင်ခွဲသားစသည့် သစ်များကို တရားမဝင် သယ်ယူမှုများပြုလုပ်ကြကြောင်း သိရသည်။

ယင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု အများဆုံးဖြစ်သည့် ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးကြိုးဝိုင်းအကွက်အမှတ်(၈၀)၊ သူရဲတန်းကြိုးဝိုင်းအကွက်အမှတ်(၃၁)၊ ကြိုးပြင်ခုတ်ကွက်(၁၂၃) အတွင်းနေရာများ၌ တရားမဝင်ကျွန်း/ပျဉ်းကတိုး/နဘဲ/ဘင်္ဂခွဲသား စုစုပေါင်း(၄၄၀)ချောင်း (၄၂.၃၂၉၈)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဖမ်းဆီးရမိသစ်များနှင့်ဆက်စပ် ပတ်သက်သူများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.