Connect with us

Politics, Law & Military

မြန်မာနိုင်ငံသို့ နီပေါ နိုင်ငံ သမ္မတ ချစ်ကြည်ရေး ခရီး ရောက်ရှိ

နီပေါ နိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာ ဒေဗီ ဘန်ဒါရီကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတော်၌ တရားဝင်ချစ်ကြည်ရေးခရီး လည်ပတ်ရန် နီပေါ နိုင်ငံ သမ္မတ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၁၆ ရက်တွင် နီပေါလေကြောင်းလိုင်းဖြင့် နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတမစ္စစ်ဘီဒီယာ ဒေဗီ ဘန်ဒါရီ သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာဒေဗီ ဘန်ဒါရီ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နိုင်ငံခြား ရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်း၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး Mr. Bhim Krishna Udas ၊ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြကြောင်း သိရသည်။(Xinhua)