Connect with us

Politics, Law & Military

မြန်မာ-နီပေါ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မည်

အဖွဲ့က မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့် နှင့် နီပေါနိုင်ငံ သမ္မတ Rt. Hon. HE. Mrs. Bidya Devi Bhandari တို့တွေ့ဆုံစဉ်(ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံနှင့် နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့ အကြားယဉ်ကျေးမှု ဆိုင်ရာနှင့် ခရီးသွား ကဏ္ဍတို့တွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာ (MoU) ကို ယနေ့ နံနက်ပိုင်းတွင် သမ္မတ အိမ်တော်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

နီပေါနိုင်ငံ သမ္မတ Rt. Hon. HE. Mrs. Bidya Devi Bhandari ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့် နှင့် အဖွဲ့ အား နိုင်ငံတော် သမ္မတ အိမ်တော် သံတမာန်ဆောင် ဧည့်ခန်းမ တွင် ယနေ့နံနက် ၁၀:၂၀ နာရီ တွင်တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ထိုတွေ့ဆုံပွဲသို့ မြန်မာဘက်မှ ပြည်ထောင်စု ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နီပေါနိုင်ငံ သမ္မတ Rt. Hon. HE. Mrs. Bidya Devi Bhandari တို့တွေ့ဆုံစဉ် (ဆင်ဟွာ)

နှစ်နိုင်ငံ အကြီးအကဲများ ရှေ့မှောက်တွင် MoU ရေးထိုးနေကြစဉ်။(ဆင်ဟွာ)

ထို့နောက် နံနက် ၁၁:၅၅ နာရီတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နီပေါနိုင်ငံ သမ္မတ Rt. Hon. HE. Mrs. Bidya Devi Bhandari တို့၏ ရှေ့မှောက်တွင် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တို့က နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Pradeep Kuma Gyawali နှင့် စာချွန်လွှာနှစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။

နှစ်နိုင်ငံ လက်မှတ်ရေးထိုးသည့် နားလည်မှု စာချွန်လွှာများမှာ ယဉ်ကျေးမှု ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာနှင့် ခရီးသွား ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာတို့ဖြစ်ကြောင်း သိရသည်။ (Xinhua)