Connect with us

Politics, Law & Military

မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအား သေဒဏ် အမိန့်ချမှု အတွက် မြန်မာနိုင်ငံ ထိုင်းသံရုံးအနီး လူရာချီ ဆန္ဒ ထုတ်ဖော်

မြန်မာနို်င်ငံ ဆိုင်ရာ ထိုင်းသံရုံး အနီးတွင် ဆန္ဒပြနေသူများအား ဒီဇင်ဘာလ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံရုံး အနီးတွင် ယနေ့ နံနက် ၉ နာရီခွဲမှ စတင်ပြီး လိပ်ကျွန်း လူသတ်မှုကြောင့် မြန်မာ လုပ်သား နှစ်ဦးကို သေဒဏ် ချလိုက်သည့် အတွက် လူရာ နှင့် ချီ ဆန္ဒ ထုတ်ဖော် လျက်ရှိကြသည်။

အဆိုပါ သံရုံးရှေ့ မနော်ဟရီလမ်းကို သက်ဆိုင်ရာ အာဏာပိုင်များက ပိတ်ဆို့ထားသည့် အတွက် ဆန္ဒပြသူများသည် ပြည်လမ်းမပေါ်တွင် ရောက်ရှိ ဆန္ဒ ထုတ်ဖော် နေကြသည်။

မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံရုံး အနီးတွင် ဆန္ဒပြနေသူများအား ဒီဇင်ဘာလ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယင်း ဆန္ဒ ထုတ်ဖော်မှုတွင် သံဃာတော်များ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ အနုပညာရှင်များ ၊ လူတန်းစား အလွှာပေါင်းစုံမှ ပြည်သူများ ပါဝင်ခဲ့ပြီး ဆန္ဒထုတ်ဖော်သူများ တဖြည်းဖြည်း များလာသဖြင့် ပြည်လမ်းကိုပါ သက်ဆိုင်ရာက ပိတ်ထားလိုက်သည်။

ထိုင်းနိုင်ငံ လိပ်ကျွန်း၌ ဗြိတိန် နိုင်ငံသား ဒေးဗစ်မီလာ (၂၄) နှစ်နှင့် ဟန်နာဝစ်သာ ရစ်ချ် (၂၃) နှစ်တို့သည် ၂၀၁၄ စက်တင်ဘာ ၁၄ ရက် ညဉ့်သန်း ခေါင်တွင် အသတ် ခံခဲ့ရခြင်း ဖြစ်ပြီး မြန်မာ လုပ်သား နှစ်ဦးဖြစ်သော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို လူသတ်မှု ကျူးလွန်သည် ထိုင်းရဲတပ်ဖွဲ့က

စွပ်စွဲ ဖမ်းဆီးထားကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ထိုင်းတရားရုံး တစ်ရုံးက သေဒဏ် ချမှတ်ခဲ့သည်။ (Xinhua)