Connect with us

Politics, Law & Military

မြန်မာ ရွှေ့ပြောင်း လုပ်သားနှစ်ဦးအား သေဒဏ် စီရင်ချက် ချမှတ်ခဲ့သည့် အပေါ် တရားမျှတမှု ရရှိစေရေး နိုင်ငံအနှံ့ ကန့်ကွက် ဆန္ဒထုတ်ဖော်မှုများ အရှိန်မြင့်တက်လာ

ရန်ကုန်မြို့ ထိုင်း နိုင်ငံ သံရုံးအနီး ဆန္ဒထုတ်ဖော်နေသူများ အား ဒီဇင်ဘာလ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ) ပုံစာ-- (၂)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာ ရွှေ့ပြောင်း လုပ်သား နှစ်ဦးအား ထိုင်းနိုင်ငံ တရားရုံးမှ သေဒဏ် ချမှတ် ခဲ့သည့် အပေါ် တရားမျှတမှု ရရှိ စေရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ ကြိုးစား ဆောင်ရွက် နေသကဲ့သို့ ရန်ကုန် ၊ မန္တလေး မြို့ ကြီးများ အပါအဝင် နေရာဒေသ အသီးသီး၌ ကန့်ကွက် ဆန္ဒ ထုတ်ဖော်မှုများ တဖြည်းဖြည်း အရှိန် မြင့်တက် လာခဲ့ကြောင်း တွေ့ရှိရသည်။

ထိုင်းနိုင်ငံ တရားရုံးမှ မြန်မာ ရွှေ့ပြောင်း လုပ်သား နှစ်ဦးအား ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်တွင် သေဒဏ် စီရင်ချက် ချမှတ်ခဲ့သည့် အတွက် ထိုနေ့မှ စတင်၍ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံရုံး ရှေ့တွင် ကန့်ကွက် ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး ဆက်လက်၍ ယနေ့ ဒီဇင်ဘာလ ၂၅ ရက်တွင် တရားမျှတမှု ဘက်မှ ရပ်တည်ပြီး မြန်မာ ရွှေ့ပြောင်း လုပ်သားများကို ကူညီပေးရန် ဆိုင်းဘုတ်များ ကိုင်၍ ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့ ထိုင်း နိုင်ငံ သံရုံးအနီး ဆန္ဒထုတ်ဖော်နေသူများ အား ဒီဇင်ဘာလ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းတရားရုံး၏ စီရင်ချက် အပေါ် ကန့်ကွက်သည့် အနေဖြင့် ယနေ့တွင် ပဲခူး ၊ ပုသိမ် ၊ ထားဝယ် ၊ မြိတ်မြို့များ တွင်လည်း လူပုဂ္ဂိုလ် အဖွဲ့အစည်း အသီးသီးမှ ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ် ပြသလာ သကဲ့သို့ မန္တလေးမြို့ရှိ ဂရပ်ဖစ်တီ ဝါသနာရှင်များက မြန်မာ ရွှေ့ပြောင်း လုပ်သားနှစ်ဦး၏ ပုံတူ ရေးဆွဲ၍ တရားမျှတမှု အတွက် ဒီဇင်ဘာလ ၂၄ ရက်က တောင်းဆိုခဲ့သည်။

လိပ်ကျွန်း လူသတ်မှု တရားစီရင်ချက် အပေါ် အယူခံ အဆင့်ဆင့် အတွက် မြန်မာ အစိုးရဘက်မှ ကူညီပံ့ပိုး ဆောင်ရွက်ချက်များ ပြုလုပ်သွားရန် ရှိသကဲ့သို့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွေမန်းက ပြစ်ဒဏ် ကျခံသူများ၏ ရသင့်သော အခွင့်အရေးများ မဆုံးရှုံးစေရေး အတွက် ဆောင်ရွက်ပေးနိုင်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများက ဝိုင်းဝန်း ကူညီပေးရန် မေတ္တာ ရပ်ခံခဲ့သည်။

ထို့အတူ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူအဖွဲ့အစည်း) က အမှုနှင့် ပြစ်ဒဏ်အား ပြန်လည် စစ်ဆေး သုံးသပ် ဆုံးဖြတ်ပေးရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ထံသို့ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံရုံးမှတဆင့် ကန့်ကွက်စာ ပေးပို့ရာတွင် ထည့်သွင်း တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ထိုင်းနိုင်ငံ လိပ်ကျွန်း၌ ဖြစ်ပွားခဲ့သည့် ဗြိတိန် နိုင်ငံသား နှစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား ရွေ့ပြောင်း လုပ်သား နှစ်ဦးအား ထိုင်းနိုင်ငံ တရားရုံးမှ ယခု ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် သေဒဏ် စီရင်ချက် ချမှတ်ခဲ့သည်။ (Xinhua)