Connect with us

Politics, Law & Military

မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

လုပ်ငန်းစဉ်အတွက် အစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသော သတင်းထုတ်ပြန်ချက်အား တွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ပြုနိုင် ရေးအတွက် မြန်မာနိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား နားလည်မှု စာချွန်လွှာ အား လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည် လက်ခံ ရေးလုပ်ငန်းစဉ်” ကို အကောင်အထည်ဖော်ရာတွင် မြန်မာအစိုးရ၏ဆောင်ရွက်ချက်များအား အထောက် အပံ့ပြုနိုင်ရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR)တို့ကို ဖိတ်ခေါ်ခဲ့မှုအရ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းကြောင့် မြန်မာအစိုးရက ယမန်နှစ်ကပင် စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်သည့် နေရပ်စွန့်ခွာသွားသူများ မိမိသဘောဆန္ဒအလျောက် လုံခြုံဘေးကင်း သိက္ခာရှိစွာ ပြန်လာနိုင်ရေး လုပ်ငန်းများကို ပိုမိုအားဖြည့် မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ထားပြီး ကုလသမဂ္ဂ အေဂျင်စီများ ပါဝင်မှုကြောင့် ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် ပိုမို၍ လျင်မြန်လာမည်ဟုလည်း မျှော်လင့်ထားကြောင်း သိရသည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်အနေဖြင့် ပြန်လည်ထူထောင် တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ လိုအပ် သည့် ဆန်းစစ်မှုများ ပြုလုပ်ရာတွင် ပေါင်းစပ်ညှိနှိုင်းရန်နှင့် အကူအညီပေးရန်အတွက်လည်းကောင်း၊ လူ့ အသိုင်းအဝိုင်းအားလုံးကို အကျိုးဖြစ်ထွန်းစေမည့် ပြန်လည်ထူထောင် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် စီမံကိန်းများ ရေးဆွဲရန်အတွက်လည်းကောင်း၊ အသိုင်းအဝိုင်းများကြား လူမှု သဟ ဇာတဖြစ်မှုကို မြှင့်တင်ရန်အတွက်လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည် လုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း မြန်မာနိုင်ငံအစိုးရကို အထောက်အပံ့ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂအေဂျင်စီများသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား အကောင် အထည်ဖော်ရာတွင် အထောက်အပံ့ပြုနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာနတွင် ယနေ့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.